Main menu

Background

တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှု ဈေးကွက်မှာရှယ်ယာ၆၀ရာခိုင်နှုန်းထိ မြင့်တက်နိုင်

Sun, 12/18/2011 - 07:51 -- Anonymous (not verified)

    အောက်တိုဘာ ၁ ရက်မှာ စတင် တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှု ၁၀ ရာခိုင်နှုန်း မြင့် တက်နိုင်တဲ့အတွက် ကမ္ဘာ့ဝယ်ယူမှုမှာ တရုတ်နိုင်ငံနဲ့ ဝေစုကလည်း ၆၀ ရာခိုင် နှုန်းထိတိုးတက်လာနေတယ်လို့ ဟမ်း ဘတ်အခြေစိုက် Oil World သုတေသနဌာနမှ ပြောကြားပါတယ်။ ယခုနှစ် အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ စုစုပေါင်းတန်ချိန် ၅၇ ဒသမ ၈ သန်းအထိရှိလိမ့်မယ်လို့လည်းဆိုပါတယ်။    ကမ္ဘာ့ပဲပုပ်တင်သွင်းမှု စုစုပေါင်း မှာ တန်ချိန် ၉၅ ဒသမ ၉ သန်းရှိတယ် လို့လည်းဆိုပါတယ်။နိုဝင်ဘာလအတွင်း ဘရာဇီးနိုင်ငံမှ တရုတ်ကို ပဲပုပ်တင်သွင်း မှုဟာ တန်ချိန် ၁ သန်းထိရှိလို့ ယခင်နှစ် ကာလတူအတွင်း  တင်ပို့မှု တန် ချိန် ၁ သောင်းထက် ပိုမိုမြင့်တက်ပြီး၊ အာဂျင် တီးနားမှ တင်ပို့မှုလည်း ၃ ဆပိုမိုပြီး တန် ချိန် ၄ သိန်းအထိ ရှိတယ်လို့သိရပါတယ်။    တရုတ်နိုင်ငံက    ပဲပုပ်တင်သွင်းမှု မြင့်တက်နေပြီး တောင်အမေရိကားမှ တင် ပို့မှုမှာလည်း ယေဘုယျအားဖြင့် မြင့်တက် တယ်လို့ Oil World  မှဆိုပါတယ်။ ချီကာ ကိုမှာ ယခုနှစ် ပဲပုပ်  ကြိုပွိုင့်ဈေးက ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။  ကမ္ဘာ့စီး ပွားရေး ကျဆင်းမှုကြောင့်  စားသောက် ကုန်နဲ့  လောင်စာဆီအတွက် အသုံးပြုဖို့ ကုန်ကြမ်းဝယ်လိုအား  နည်းမယ့် ထင်မြင် ချက်တွေကြောင့် ဈေးနှုန်း ကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။     နိုဝင်ဘာလအတွင်း   အမေရိကန်၊ အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှ စုစုပေါင်း တန်ချိန် ၅ ဒသမ ၄၁ သန်း တင်သွင်းခဲ့ လို့ ယခင်နှစ်ကာလတူထက် ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့  သိရပါတယ်။ ယခင် နှစ်ပဲပုပ်တင်သွင်းတဲ့ဈေးကွက်မှာ တရုတ် နိုင်ငံရဲ့ဝေစုက ၅၈ ရာခိုင်နှုန်း  ရှိခဲ့တယ် လို့လည်းOil World  ရဲ့  သုတေသန စာရင်းများအရ  သိရပါတယ်။  တရုတ် နိုင်ငံရဲ့ ပဲပုပ်ထုတ်လုပ်မှုကလည်း၈ ဒသမ ၇ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ ခန့် မှန်းထားပါတယ်။ ယမင်းခင်၊ Source: Bloomberg