မတ်ပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၉၆၀၀၀ ၄၈၆၀၀၀ ၂ မုံရွာ ၁ ပိဿာ ၇၀၀ ၇၀၀ ၃ ပြည် ၁ ပိဿာ ၇၀၀ ၇၂၅ ၄ ဟင်္သာတ ၁ ပိဿာ ၇၃၀ ၇၀၅ ၅ မန္တလေး ၁ ပိဿာ ၆၃၃ ၆၃၃ မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ပြည်ပ တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီးများက ဈေးကွက်စဖွင့်ချိန်ဖြစ်တဲ့ ၁၂-၁၂-၂၀၁၁ နေ့မှာ တစ်တန်ကို ၄၉၀၀၀၀ ကျပ်နဲ့ အဝယ်ရှိရာက နောက်ပိုင်းမှာ အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိသလို ဝယ် အားပါနည်းလာတာကြောင့် ၁၃-၁၂-၂၀၁၁ နေ့မှာ ၄၈၃၀၀၀ ကျပ် သို့ဈေးကျခဲ့ပြီး ၁၅-၁၂-၂၀၁၁ နေ့မှာ ၄၇၇၀၀၀ ကျပ်ဈေးသို့ ထပ်မံ ဈေးကျခဲ့ကာ ၁၆-၁၂-၂၀၁၁နေ့မှာတော့ ၄၈၆၀၀၀ ကျပ်သို့ ဈေးပြန် မြင့်လာကြောင်း သိရပါတယ်။ ဈေးမြင့်တဲ့အချိန်မှာ ရောင်းလက်များ အရောင်းများလာပေမယ့် အခုလိုဈေးတွေ တစ်ရိပ်ရိပ် ကျဆင်းလာ တဲ့အခါမှာတော့ ရောင်းလက်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်လို့ ပဲကုန်သည်ကြီးတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်လုံး တန် ၃၇၀၀ ခန့်သာဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေက ပုံမှန်ဝယ်အားရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဟင်္သာတ ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကယခင်အပတ်နဲ့စာရင်ဈေးအနည်း ငယ်ကျသွားတယ်လို့ ဆိုပါတယ်။ ရန်ကုန်-ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(ျွဃ) ရောင်းဈေးကျလာတဲ့အပေါ် အကြောင်းပြပြီး ရန်ကုန် ဝယ်လက်တွေက ဈေးလျော့အဝယ်ရှိတာကြောင့် အခုလိုဈေးတွေကျ လာတာလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၇၀၅ ကျပ်(တစ်တန်ကို ၄၃၁၇၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ မျိုးအတွက် ပြန်ဝယ်သူများ ဝယ်အားပုံမှန်ရှိပြီး မြို့တွင်းရောင်းဝယ်မှုက နည်းသွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နဲ့ တစ်နေ့ကို အိတ် ၂၀၀ မှ ၅၀၀ ကြား ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
Background