Main menu

Background

ထိုင်ဝမ်(ကုလားပဲ)ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ် မြင့်လာ

Sun, 12/18/2011 - 07:58 -- Anonymous (not verified)

ထိုင်ဝမ်ကုလားပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး           ၁ ပိဿာ          ၈၆၂    ၉၀၇                ၂    မကွေး              ၁ ပိဿာ          ၈၂၀    ၈၉၅         ၃    ပခုက္ကူ              ၁ ပိဿာ          ၈၄၂    ၈၄၂        ၄    မုံရွာ                ၁ ပိဿာ           ၇၇၉    ၈၁၆        ၅    အောင်လံ        ၁ ပိဿာ           ၈၂၅     ၈၉၀        ၆    မြင်းခြံ             ၁ ပိဿာ          ၈၀၀     ၈၅၀    ၇    ပြည်               ၁ ပိဿာ          ၈၃၅      ၉၀၀    ၈    ရေစကြို          ၁ ပိဿာ           ၈၂၀     ၈၇၀  ထိုင်ဝမ်(ကုလားပဲ)ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဈေးအနည်းငယ် မြင့်လာ    မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ပစ္စည်း ဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်လိုအားများလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၇ ကျပ်(တစ်တန် ကို ၅၅၅၄၃၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေး ကွက်မှာ ပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ရန်ကုန်အဆွဲအေးနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၉၀ ကျပ် (တစ်တန်ကို ၅၄၅၀၂၇ ကျပ်)နဲ့ တစ်ရက် ကိုအိတ် ၃၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ တော့ မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြား ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲကို မြို့ခံ ပဲခွဲစက်တွေနဲ့ အမှုန့်ကြိတ်စက်များက တစ်ပိဿာကို ၈၇၀ ကျပ် (တစ်တန်ကို ၅၃၂၇၇၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ ခန့်အဝယ်ခပ်ပါးပါး ရှိခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ယခင်အပတ်က တစ် ပိဿာ ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်) နဲ့ ပဲခွဲစက်လုပ်ငန်း ရှင်များအဝယ်ရှိခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာ ဒေသတွင်းခွဲ စက်တွေက ဝယ်အားပြန်လိုက်လာတာကြောင့် တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ မုံရွာဈေးကွက်မှာ  ဒေသတွင်းခွဲစက်၊  အမှုန့်ကြိတ်စက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီသမားများက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၁၆ ကျပ် (တစ်တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။