ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၇၈၉ ၈၆၈ ၂ မန္တလေး ၁ ပိဿာ ၈၈၉ ၉၂၄ ၃ ပြည် ၁ ပိဿာ ၇၇၅ ၇၇၅ ၄ မကွေး ၁ ပိဿာ ၇၆၅ ၇၉၀ ၅ အောင်လံ ၁ ပိဿာ ၈၅၀ ၈၅၀ ပဲတီစိမ်း(အညာ) အရောင်းအဝယ်သွက်လာ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည် ပြီး အရည်အသွေးကောင်းရင် ကောင်းသလို ဈေးပေးအဝယ်ရှိပြီး အရည်အသွေးလိုပါက ဈေးချဝယ်ယူမှုရှိနေပေမယ့် အရောင်းအဝယ် တော့သွက်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၉၂၄ ကျပ်(တစ်တန်ကို ၅၆၅၈၄၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မန်းဈေးကွက်သို့ စတင်ဝင်နေတဲ့ ပဲတီစိမ်းရွှေဝါကတော့ တရုတ်ဝယ်အားပုံမှန်ရှိပေ မယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၄ ကျပ် (တစ်တန်ကို ၅၆၅၈ ၄၈ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေး ဝယ်လက်က တစ်ပိဿာ ၇၉၀ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ မုံရွာဈေး ကွက်မှာ ပဲတီစိမ်းကြီးအပြင် ပဲတီစိမ်းသေးအသစ်ပါ နယ်စုံက စတင် ဝင်ရောက်လာလို့ ဈေးကွက်သွက်လာတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက စိမ်းကြီး တစ်ပိဿာ ၈၆၈ ကျပ်(တစ်တန်ကို ၅၃၁၅၅၄ ကျပ်)နဲ့ တစ်တန်ကို အိတ် ၃၀၀ ခန့် စိမ်းသေး တစ်ပိဿာ ၇၇၄ ကျပ်(တစ်တန်ကို ၄၇၃၉၈၉ ကျပ်)နဲ့ တစ်နေ့ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background