ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၃၅ ၂၆၀ ၂ လားရှိုး ၁ ပိဿာ ၂၈၀ ၂၉၅ ၃ မူဆယ် ၁ တန် ၂၁၇၈၉၇ ၂၂၂၅၄၇ ၄ မန္တလေး ၁ ပိဿာ ၂၇၂ ၂၉၆ ပြောင်းကို တရုတ်အဝယ်သွက်လို့ ဈေးစွာလာ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် ပြောင်းက ဈေးကွက်သို့ အဝင်အားကောင်းနေသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်း အစာစပ် လုပ်ငန်းရှင်များကလည်း ဝယ်လိုအား ကောင်းနေတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ် ပိဿာကို ၂၆၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းကအဝင်လှိုင်နေ တယ်၊ ရောင်းလက်တွေကလည်း တက်ဈေးမှာ အရောင်းများလာ တယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ ဒေသခံ ပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက် မှာ ပြောင်းက အဝင်လှိုင်နေသလို တရုတ်ကလည်း ဝယ်အားသွက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဆိုပါ တယ်။ မန္တလေးဈေးကွက်မှာ တရုတ်က ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၉၆ ကျပ်နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လားရှိုးဈေး ကွက်မှာ ပြောင်းက ဈေးကွက်အဝင်ရှိသလောက် တရုတ်ကလည်း ပုံမှန်အဆွဲရှိခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၂၉၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၉ သိန်းခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background