သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၁၈၂၃ ၁၈၈၉နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်ဝယ်လက်က အရည် အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်- မန္တလေးအဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာ ၁၄၄၅ ကျပ်(တစ်တန်ကို ၈၈၄၉၀၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါ တယ်။ ရေစကြိုဈေးကွက်မှာ နှမ်းလှောင်လက်များက တစ်ပိဿာ ကို ၁၂၇၀ ကျပ်(တစ်တန်ကို ၇၇၇၇၃၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျသွားတယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံ နှမ်းကို ယခင်တစ်ပတ်က တစ်ပိဿာ ၁၈၂၃ ကျပ် တစ်တန်ကို ၁၁၁၆၃၈၆ကျပ်နှင့် အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ရာက ဒီတစ်ပတ်မှာ ဈေးမြင့်ပေးဝယ်တာကြောင့် တစ်ပိဿာကို ၁၈၈၉ ကျပ် (တစ်တန် ကို ၁၁၅၆၈၀၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်လာတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background