ကုလားပဲဖြူလုံးကြီး စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ ၁၀၅၀ ၁၀၅၀ ၂ မန္တလေး ၁ ပိဿာ ၈၇၃ ၉၂၆ ၃ မုံရွာ ၁ ပိဿာ ၈၉၅ ၉၄၇ ၄ မြင်းခြံ ၁ ပိဿာ ၈၀၀ ၆၀၀ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲပါးပြီး မျိုးပဲအဖြစ်သာ အရောင်းအဝယ်ဖြစ် မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက လှောင်လက် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီး အိတ်စပို့အတွက်ဝယ်ယူနေ တဲ့ ရန်ကုန်အဆွဲအေးကာ မြို့ခံပဲခွဲစက်တစ်ချို့နဲ့ မျိုးအတွက် ပြန်လည် ဝယ်ယူသူများ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန်ကို ၅၆၇၀၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံဈေး ကွက်မှာတော့ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးက အရည်အသွေးညံ့ လာတာကြောင့် တစ်ပိဿာ ၆၀၀ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်) နဲ့ အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပဲတွေကလည်း လှောင်ထားတာကြာလို့ ပိုးကိုက်တွေဖြစ်လာတယ်။ ဒါကြောင့် ဝယ်လက်အချို့က ဈေးချအဝယ်ရှိလို့ အခုလိုဈေးတွေ ကျလာတယ်လို့ မြို့ခံလှောင်လက်ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဝယ်မရှိခဲ့ဘဲ မျိုးပဲအဖြစ်သာ အရောင်းအဝယ်ရှိခဲ့တာကြောင့် တစ်ပိဿာကို ၉၄၇ ကျပ် (တစ်တန်ကို ၅၇၉၉၃၃ ကျပ်)နဲ့ အိတ်အနည်းသာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background