Main menu

Background

မော်လမြိုင် ကုန်စည်ဒိုင် ဆောက်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Sun, 12/18/2011 - 08:09 -- Anonymous (not verified)

           မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လက်ကားကုန်စည်ဒိုင် အဆောက်အအုံဆောက်လုပ်ရန် ဒီဇင်ဘာ ၁၅ ရက်က မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းရုံးအစည်းအဝေးခန်းမမှာ ကုန်စည်ဒိုင်အဆောက် အအုံ စတင်ဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန  ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူး ဦးလှသောင်း၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ပြည်နယ်မန်နေဂျာ ဦးတင့်ဆန်း၊ မွန်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးတင်မော်နဲ့ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများ ကုန်စည်ဒိုင်လုပ်ငန်းကော်မတီနဲ့ ဆပ် ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌနဲ့ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများ၊ လိုအပ်ချက်များအား တင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးကြပြီးနောက် ပြည်နယ် စီမံကိန်းနှင့် စီပွားရေးဝန်ကြီးဌာန ဝန်ကြီးက အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာမှာ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ရန်ပုံငွေရရှိရေးအတွက်သက်ဆိုင်ရာ များနဲ့ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးကောက်ခံရေး၊ ပွင့်လင်း ရာသီဖြစ်တဲ့အတွက် အဆောက်အအုံ ဆောက်လုပ်ခြင်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး တိုက်တွန်း ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများက ပံ့ပိုးကူညီသင့်သည်များ၊ အစိုးရအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းပေးရမယ့် ကိစ္စများကို ရှင်းလင်း ဆောင်ရွက်ပေးသွားကြောင်း သိရပါတယ်။             ချစ်လှ