Main menu

Background

ချင်းရွှေဟော်မှ အေးခဲအမဲသားသာမက ဆိတ်သားရေခြောက်လည်း ပို့

Sun, 12/18/2011 - 08:26 -- Anonymous (not verified)

    မူဆယ်နယ်စပ်မှ အမဲသား ၂၃၂ တန်နဲ့ အေးခဲအမဲသား ၁၂၉ တန်ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်က ထက် ၇၁ တန် လျော့ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ အေးခဲအမဲသား ၁၁၀ တန်၊ အမဲပြုတ်သား ၅ တန်၊ အေးခဲအရွတ် ၂ တန်၊ နွားသိုချောင်း ၁ တန်၊ အေးခဲဝမ်းတွင်းသား ၅ တန်ခွဲ၊ အေးခဲအမြီး ၁ တန်နဲ့ ဆိတ်သားရေခြောက် ၃ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၈ တန် အပို့ပိုခဲ့ပါတယ်။       မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၆၁ သန်းတန်ဖိုးရှိ အမဲသား၊ အေးခဲအမဲသား၊ အမဲပြုတ်သား၊ ဆိတ်သားရေခြောက်၊ အေးခဲအရွတ်၊ နွားသိုချောင်း၊ အေးခဲ ဝမ်းတွင်းသားနဲ့ အေးခဲအမြီးများ တန်ချိန် ၄၉၀ ခန့်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၂ တန် တင်ပို့မှုလျော့နည်းခဲ့တာ တွေ့ရပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား အပြင် ဆိတ်သားရေခြောက်လည်း ယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။MIRT(DOBT)