ကန့်သတ်ထားတဲ့ သွင်းကုန်ပစ္စည်းတွေအနက်က အချိုရည်၊ ဟင်းချိုမှုန့်၊ ဘီစကစ်မျိုးစုံ၊ ခေါက်ဆွဲခြောက်အမျိုးမျိုးနဲ့ စည်သွပ်ဘူးများကို နိုင်ငံတကာမှာ ကျင့်သုံးတဲ့အတိုင်း FDA က စနစ်တကျစစ်ဆေးပြီး အကန့်အသတ်နဲ့ တင်သွင်းခွင့်ပြု တော့ မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ RUMFCCI မှာ ကျင်းပြုလုပ်တဲ့ ကုန်သည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲအခမ်းအနားမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။ ယခင်တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေတဲ့အတွက် စားသုံးသူများအနေနဲ့ အရည်အသွေးလုံခြုံစိတ်ချမှု မရှိသလို ရသင့်တဲ့အခွန်အကောက်များပါ နစ်နာနေကြောင်းနဲ့ ယခုကဲ့သို့ တင်သွင်းခွင့်ပြုပေး ခြင်းဖြင့် အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်တဲ့အပြင် ကုန်သွယ်မှုတန်ဖိုးများပါ မြင့်တက်လာမှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကောက်ရိုးနွယ်
Background