Main menu

Background

နယ်စပ်စခန်းများ ရေထွက်ကုန်အပို့ ပုံမှန်ရှိ

Sun, 12/18/2011 - 08:29 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၉၆၉ သန်း တန်ဖိုးရှိ ငါးရှဉ့် တန် ၁၄၀ ကျော်နဲ့ ရေငန် ငါးမျိုးစုံ တန် ၁၃၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ယခင် အပတ်ကလည်း ရေထွက်ကုန်တင်ပို့မှုမှာ တန် ၂၇၅ တန် ရှိခဲ့ရာ ယခုအပတ်ရေထွက်ကုန်တင်ပို့မှုပမာဏမှာ ပုံမှန်ရှိနေ ပါတယ်။ ယခုကာလမှာ ငါးရှဉ့်အပို့သာရှိပြီး ကဏန်းအပို့မှာ မရှိသလောက်ဖြစ်နေတာ တွေ့ရပါတယ်။ ကဏန်းများကို နယ်စပ်မှတင်ပို့ခြင်းထက် လေကြောင်းနဲ့တင်ပို့မှု ပိုမိုဆောင် ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ယခုအပတ် မူဆယ်ငါးရှဉ့် ပေါက်ဈေးမှာ ၁ တန်ကို ၃၄၈၂၉၉၁ ကျပ်ဖြစ် ပြီး ယခင် အပတ်ကထက် ကျပ် ၁၂၈၇၈၉ ပိုမိုလျက်ရှိပြီး တစ်ဖက်နိုင်ငံ ပေါက်ဈေးမှာ ၄၄၇၀ ဒေါ်လာဖြစ်ရာ ယခင် အပတ်ကထက် ဒေါ်လာ ၁၃၀ပိုမိုဈေးရလျက်ရှိတယ်လို့ သိရပါတယ်။ မူဆယ် ကို ယခုအပတ်ငါးရှဉ့်အဝင် နည်းတာ ကြောင့် ယခုလိုဈေးပိုရ တာလို့ သိရပါတယ်။MIRT(DOBT)