Main menu

Background

မူဆယ်မှ ဖရဲသီး တန် ၉၇၀၀ ကျော် အပို့ရှိ

Sun, 12/18/2011 - 08:35 -- Anonymous (not verified)

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၂ သန်းတန်ဖိုးရှိ ဖရဲသီး ၉၇၃၃ တန်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ သီပေါဖရဲများလည်း ပေါ်နေပြီဖြစ်လို့ အောက်ပြည်အောက်ရွာထွက် ဖရဲများအပြင် အထက်ပိုင်းထွက်ဖရဲများပါ တင်ပို့ခဲ့တာကြောင့် ပိုမိုခဲ့တာဖြစ်ပါတယ်။ ဖရဲသီးအလုံးအကြီးအသေးပေါ် မူတည်ပြီး ၁ တန်ယွမ် ၂၈၀၀ မှ ၄၈၀၀ ဝန်းကျင်ထိ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။                                                                                   MIRT(DOBT)