၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ မွန်ပြည်နယ်ရော်ဘာစိုက်ဧက ၄ ဒသမ ၆၄ သိန်း စိုက်ပျိုးပြီးစီးခဲ့လို့ ယခင်နှစ်ထက် ဧက ၁၃၀၀၀ ကျော် ပိုမိုခဲ့ပါတယ်။ ယခုနှစ် အစေးလှီးဧက ၂၈၀၀၀ မှ တန် ၈၀၀၀၀ ထွက်ရန် ရည်မှန်းထားပြီး၊ နိုဝင်ဘာလ ၃၀ ရက် ထိ တန် ၅၆၀၀၀ ထွက်ပြီးကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပြည်ပရော်ဘာဈေးနှုန်းကျဆင်းလာမှုနဲ့ ဝယ်လိုအားနည်းလာမှုကြောင့် ပြည်တွင်း ဈေးနှုန်းမှာ လည်း RSS(3) တစ်ပေါင်ကို ၁၀၇၀ ကျပ်နဲ့ ွ RSS(5) တစ်ပေါင်ကို ၉၅၀ ကျပ်ထိကို ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာလ ဒုတိယပတ်အရောက်မှာ ပြည်ပဈေးနှုန်း ပြန်လည်မြင့်တက်လာခြင်းနဲ့ ဝယ်လိုအားများ ပြားလာမှုကြောင့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ဈေးနှုန်းအရ RSS(3)တစ်ပေါင် ၁၁၅၀ ကျပ်နဲ့ RSS(5) တစ်ပေါင် ၁၀၈၀ ကျပ်ရရှိလာတာကို တွေ့ရပါတယ်။ ရော်ဘာပြည်တွင်းဈေး မြင့်တက်လာတာနဲ့အညီ ရောင်းဝယ်မှုပမာဏများပြားလာခဲ့ရာ ဒီဇင်ဘာအတွင်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်အထိ ၃၁၁၈ တန် ရန်ကုန်နဲ့ မန္တလေးကို တင်ပို့ခဲ့ပါတယ်။ ယခင်လကာလတူ နှိုင်းယှဉ်ပါက ၁၁၇၆ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အောင်လွင်
Background