ရေနံ (သို့မဟုတ်) ရော်ဘာကို ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းထက် သကြားကို ကုန်ကြမ်းအဖြစ်သုံးပြီး အစိမ်းရောင် တာယာများနဲ့ လမ်းမများထက်မှာ မောင်းနှင်နိုင်တော့မှာဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောကြားလိုက်ပါတယ်။ တာယာကုမ္ပဏီများနဲ့ ဇီဝနည်းပညာအဖွဲ့များ ပူးပေါင်းပြီး ဇီဝဗေဒ အခြေခံတဲ့ တာယာအသစ်အမျိုးအစားကို တီထွင်လိုက်ခြင်း ဖြစ်ကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။ ရောင်းလိုအားအကြပ်အတည်းနှင့် ဈေးနှုန်းမြင့်တဲ့ သဘာဝရော်ဘာနဲ့ ရော်ဘာတုကိုသုံးစွဲပြီး ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်တာယာ ၁ ဘီလီယံလောက် သုံးစွဲနေရတာကြောင့် ကုန်ကြမ်းအရင်းအမြစ်ကို စဉ်ဆက် မပြတ်ရရှိဖို့ ရှာဖွေဖော်ထုတ်နေတာဖြစ်ကြောင်း သုတေသီများက ပြောပါတယ်။ ဂွတ်ရီးယားနဲ့ မစ်ချီလင်းကဲ့သို့သော တာယာကုမ္ပဏီကြီးများက ဇီဝနည်းပညာ အဖွဲ့များဖွဲ့စည်းပြီး ရော်ဘာပင်ရဲ့ သဘာဝဖြစ်စဉ်အတိုင်း သကြားမှ ရော်ဘာ အစေးထုတ်ယူနိုင်မယ့် မျိုးရိုးဗီဇအသစ်ကို တုပဖော်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ သဘာဝရော်ဘာနဲ့ ရော်ဘာတု ပြတ်လပ်မှုပြဿနာများကို သကြားမှဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ လာမယ့်သုံးနှစ်မှ ငါးနှစ်အတွင်း ချိုမြတဲ့ တာယာများကို အသုံးပြုနိုင်တော့မယ်လို့ တာယာကုမ္ပဏီများက ပြောကြားလျက်ရှိပါတယ်။Source:UPI .com,KZW
Background