Main menu

Background

နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၂၄၀၀၀ ကျော်တင်ပို့နိုင်

Sun, 12/18/2011 - 08:58 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၄၁၀၃ တန်ခန့်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၃၄၆၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မူဆယ်မှ ၂၂၉၈၃ တန် ခန့်နဲ့ ချင်းရွှေဟော်နယ်စပ်မှ တန် ၁၁၂၀ ခန့်တင်ပို့ခဲ့ရာ ယခင်အပတ်ကထက် မူဆယ်မှ ၃၉၉၈ တန်အပို့ပိုခဲ့ပြီး ချင်းရွှေဟော်မှ ၅၃၂ တန် အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ နိုဝင်ဘာလမှာ ပြောင်းဖူးစေ့ တန် ၈၅၅၅၆ တန်နဲ့ ဧပြီလမှနိုဝင်ဘာ လထိ တန် ၄၂၂၅၀၀ ခန့် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                     မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                    ယခု          ယခင်    ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၃၉၅၃၇    ၂၃၅၂၅        ၄၂၈          ၂    ၃၀၃     ၂၉၇         ၆               ၂နံှစားပြောင်း    ၂၁၉၇၁၃    ၂၁၃၉၃၆      ၅၇၇၇          ၃    ၃၃၁     ၃၃၂        ၁              ၀ .၃MIRT(DOBT)