Main menu

Background

ပိုလျှံသကြားများ ဗီယက်နမ်တင်ပို့ဖွယ်ရှိ

Sun, 12/18/2011 - 09:00 -- Anonymous (not verified)

    ဗီယက်နမ်သကြားနဲ့ကြံအသင်း (VSSA) မှ ပိုလျှံသကြားများတင်ပို့ဖို့ ပြည် တွင်းထုတ်လုပ်သူများကိုခွင့်ပြုရေးအစိုးရ ကိုတင်ပြထားကြောင်းသိရပါတယ်။ ပြည် တွင်းထုတ်သကြားများ ပြည်တွင်းလိုအပ်ချက်ပြည့်မီတဲ့ ၁၀ နှစ် နောက်ပိုင်း ပိုလျှံ သကြားတင်ပို့ဖို့ ယခုအကြိမ်ဟာ ပထမဆုံးအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။    စက်မှုှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ယင်းတင်ပြချက်အပေါ် စိုက်ပျိုး ရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးခဲ့တယ်လို့ VSSA  ဥက္ကဌ ငုယင် ထန်လောင်မှ ပြောကြားပါတယ်။ ကနဦးပြည်ပဈေးကွက် အနေနဲ့ တရုတ်ကိုတင်ပို့ လိမ့်မယ်လို့ အသင်းမှဆိုပါတယ်။ ၂၀၁၁-၁၂ အတွင်း ကြံမှသန့်စင်ပြီး သကြား တန်ချိန် ၁ ဒသမ ၄ သန်းကျော်ထွက်ရှိနိုင်တယ်လို့လည်းဆိုပါတယ်။    ဒီပမာဏဟာ သကြားစက်များမှာ သိုလှောင်ထားတဲ့တန်ချိန် ၁ သိန်းနဲ့ WTO နဲ့ သဘောတူညီထားတဲ့ ဗီယက်နမ်ရဲ့ တင်သွင်းကိုတာအရ တင်သွင်းထားတဲ့ တန် ချိန် ၇၀၀၀၀ မပါတဲ့အတွက် သကြားပိုလျှံမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဈေးကွက်ရဲ့ လိုအပ်ချက်ဟာ တစ်နှစ်ကိုတန်ချိန် ၁ ဒသမ ၄ သန်းဝန်းကျင်သာ ရှိတယ်လို့ VSSA မှဆိုပါတယ်။       ယခုနှစ်အစောပိုင်းမှာလည်း ပြည်တွင်းဈေးကွက်ကို ထိန်းချုပ်ဖို့ရည်ရွယ်ပြီး တင်သွင်းမှုကိုပြန်သုံးသပ်ပြီး လျှော့ချဖို့ အသင်းမှတင်ပြခဲ့သေးတယ်လို့သိရပါတယ်။ စက်တင်ဘာလအတွင်း ပြည်တွင်းဈေးကွက်မှာ သကြား ပိုလျှံမှုဖြစ်စေတာကြောင့် သကြားတင်သွင်းမှုဆန့်ကျင်ခြင်းကို အသင်းမှတိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ အနေနဲ့ သကြားတင်သွင်းမှုကို ပြန်လည်သုံးသပ်ဖို့အသင်းမှ တောင်းဆိုမှု မတိုင်မီ လွန်ခဲ့တဲ့လအနည်းငယ်မှာ တရုတ်နိုင်ငံကို သကြားတန်ချိန်ထောင်ပေါင်း များစွာ တရားမဝင်တင်ပို့ခြင်းဖြင့် ပြည်တွင်းမှာသကြားပြတ်လပ်မှုကို ခြိမ်းခြောက် နေခြင်းကိုလည်း ဝေဖန်ပြောကြားခဲ့သေးတယ်လို့သိရပါတယ်။     ဦးစားပေးအနေနဲ့ ပြည်တွင်းအရန်သကြားဟာ နောက်ရာသီသစ်မတိုင်မီ ဖူလုံနိုင်ပြီး တင်သွင်းသကြား များက ပြည်တွင်းဈေးကွက်ကို ဝါးမြိုနိုင်ခြင်းနဲ့ပတ်သက် လို့ အစိုးရအနေနဲ့ သကြားတင်သွင်းမှုကို ပြန်သုံးသပ်ဖို့ အသင်းမှကြိုးစားနေတယ် လို့သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကြံစိုက်ပျိုးသူများလည်း တိုးတက်လာသလို သကြားသန့်စင်စက်များကလည်း ၎င်းတို့ရဲ့ထုတ်လုပ်မှုကို တိုးမြှင့် လာခဲ့ပါတယ်။ နိုင်ငံအတွင်းကြံစိုက်ပျိုးမှု ဟက်တာ ၂၇၀၀၀၀ ရှိကြောင်း သိရပါ တယ်။    လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း မဲခေါင်မြစ်ဝှမ်းတလျှောက်မှာ ကြံစိုက်ဟက်တာ ၁ သိန်းရှိခဲ့ပေမဲ့ တောင်သူများက သကြားစက်များကိုရောင်းချရာမှာ ဆုံးရှုံးမှု ဆက် တိုက်ဖြစ်ခဲ့လို့ စိုက်ဧရိယာဟက်တာ ၄၈၀၀၀ ထိ ကျဆင်းခဲ့ပါတယ်။ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ နောက်နှစ်မှာ သကြားတင်သွင်းမှုလျှော့ချဖို့ စီစဉ်နေပေ မဲ့ WTO နဲ့ ဂတိပြုချက်အရ တင်သွင်းကိုတာ တန်ချိန် ၇၀၀၀၀ ကတော့ ရှိနေဦးမယ်လို့သိရပါတယ်။                    ယမင်းခင်၊Source: VNS