မူဆယ် - မန်း အတက်ကုန် တင်ပို့မှုများပြီး အဆင်းကုန်စောင့်ရ
မန္တလေးမှ မူဆယ်သို့ ကုန်စည်ပို့ဆောင်မှုများပြီး၊ အဆင်း ကုန်ရရှိဖို့ စောင့်ဆိုင်းနေရကြောင်း စိန်ထိပ်တန်းကုန်စည်ပို့ဆောင်ရေးမှ သိရပါတယ်။ မန္တလေးမှာ ကုန်လှိုင်ချိန်ဖြစ်လို့ ကုန်အတက်များလာရာ ယခုတစ်ပတ်အတွင်း အတက်ကုန်ဈေးမှာ တစ်ပိဿာကို ကျပ် ၃၀ ဝန်းကျင်ဈေးနှုန်း တက်ရိပ် ပြလာပါတယ်။ ယခုလအတွင်း အတက်ကုန်ဈေးမှာ တစ်ပိဿာကို ၈၅ ကျပ်၊ ၉၀ ကျပ် ပတ်လည်မှ ၁၀၅ မိုင်သို့အရောက်ဈေးမှာ တစ်ပိဿာကို ၁၀၀ ကျပ်၊ မူဆယ်အရောက်ဈေး ၁၁၀ ကျပ်ဈေးထိ တက်ရိပ်ပြလာပါတယ်။ အဆင်းကုန်များ ကုန်ပါးလို့ ဈေးကျဆင်းလာခဲ့ပါတယ်။ ယခင်တစ်ပတ် အဆင်း ကုန်ဈေး တစ်ပိဿာ ၉၅ ကျပ် ဝန်းကျင်မှ ယခုတစ်ပတ်မှာ ၇၀ ကျပ်သို့ ဈေးကျဆင်းလာခဲ့ပါတယ်။ အတက်ကုန်များခြင်းကြောင့် မန္တလေးတွင် ကုန်တင် ကားများ ရောက်ပြန်တက်နေရသော်လည်း အဆင်းတွင်ကုန်ရရှိရန် အားစိုက်နေရကြောင်း သိရပါတယ်။ယခုတစ်ပတ်တင်ပို့တဲ့ အတက်ကုန်များမှာ ဖရဲသီး၊ သခွားမွှေး၊ ဆန်၊ နှံစားပြောင်း၊ အထွက်တိုးပြောင်း၊ ပရဆေး၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ဝဥခြောက်၊ ရော်ဘာနဲ့ နှမ်းများတင်ပို့မှုများကြောင်း၊ အဆင်းကုန်များတွင် မြေဆီဝင်ရောက်မှုမှာ ယခင်ကထက် နည်းလာပြီး၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အထည်အလိပ်၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဖယောင်းနဲ့ ဖန်စီပစ္စည်းများဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး
