Main menu

Background

မန္တလေးမြေဈေးကွက် ပြန်ငြိမ်

Sun, 12/18/2011 - 09:25 -- Anonymous (not verified)

            အရောင်းအဝယ်သွက်နေတဲ့ မန္တလေးမြေဈေးကွက်မှာ ယခုတစ်ပတ် အတွင်း ပြန်ငြိမ်နေကြောင်း သိရပါတယ်။ မန္တလေးမြို့တွင်  မြို့တွင်းပိုင်းထက် မြို့သစ်အကွက်များ အရောင်းအဝယ်သွက်ရာမှ မြေကွက်ပိုင်ရှင်များမှာ အဆင့်ဆင့်ရောင်းချမှုများလာ၍ အမြင့်ဆုံးဈေးရောက်ရှိပြီး အမြတ်စုဆောင်း ပြီးဖြစ်တဲ့အတွက် ဈေးတန့်ပြီးအရောင်းအဝယ် အေးလာရခြင်းဖြစ်ပါတယ်။ဝါရင့် မြေအကျိုးဆောင်တစ်ဦးက "မြေဈေးက အမြင့်ဈေးရောက်နေတဲ့ အတွက် ဈေးကွက်အီသွားတဲ့ သဘောပဲ။ ရှေ့ရက်တွေက မြေကွက်ဝယ်ထား ရင် ရက်ပိုင်းအတွင်း ပြန်ရောင်းလည်းဝယ်သူများလို့မြတ်တယ်။ အချိန်မရွေး ရောင်းမြတ်နေတော့ တစ်ဦးထဲ မဝယ်နိုင်တဲ့သူက ၃ ဦးစပ်၊ ၄ ဦးစပ်နဲ့ ဝယ်ယူ ထားကြတယ်။ ပြန်ရောင်းရင် တစ်ဦးကို ၁၅ သိန်း၊ သိန်း ၂၀ က ရက်ပိုင်း အတွင်းမြတ်နေတယ်။  အဲဒီတော့ လောဘတက်ပြီး တစ်ဦးက မြေယူထား လိုက်ပြီး၊  အစုစပ်ထားတဲ့သူတွေကို အမြတ်ငွေပေါင်းပြီး  ပြန်အမ်းတယ်။ မြေယူထားတဲ့သူက  အစုရှင်တွေကို အမြတ်ငွေတစ်ဆင့်ပေးပြီးမှ ပြန်ရောင်း တော့ သူတို့ထက် အမြတ်ငွေပိုတင်တဲ့ အတွက် အမြတ်က နှစ်ဆင့်ဖြစ်သွား တော့ ဈေးတွေက ရက်ပိုင်းအတွင်းမှာမြင့်လာတယ်။ ကျပ်သိန်း ၈၀၀ တန်တဲ့ မြေကွက်က ကျပ်သိန်း ၁၀၀၀ ရောင်းရမယ့်အစား ကျပ်သိန်း ၁၂၀၀ နဲ့ ရောင်းတဲ့သဘောပဲ။ ပေါက်ဈေးတွေ မဟုတ် တော့ဈေးတန့်နေတဲ့ သဘောပဲ။ တစ်လလောက်နေရင်တော့  ဈေးကွက်ပြန်ကောင်းနိုင်ပါတယ်"လို့ ပြောပါ တယ်။ မြို့သစ်မြေကွက်များမှာ ၁၀ နှစ်တာကာလအတွင်း ယခုလမှာဖြစ်ခဲ့တဲ့ ဈေးကွက်ကို အထူးခြားဆုံး အရောင်းအဝယ်ဖြစ်ကြောင်း မြေအကျိုးဆောင် များက ပြောပါတယ်။ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကာလအတွင်း အမြင့်ဈေး များရောက်လို့ ယခုနှစ်စပိုင်းကထက် ဈေးနှုန်းနှစ်ဆလောက်  မြင့်တက်လာပါ တယ်။ လူနေထိုင်ရန် ပေ ၄၀×ပေ ၆၀ တစ်ကွက်ကို ကျပ်သိန်း ၆၀၀ ရှိမှ နေထိုင်ဖို့ အိမ်ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။    ဇူးဇူး