Main menu

Background

မန္တလေးမြို့တွင်း ဆိုင်ကယ်ငှားရမ်းမှု ဈေးကွက်ဖြစ်ပေါ်

Sun, 12/18/2011 - 09:26 -- Anonymous (not verified)

               မန္တလေးမြို့တွင်း  ခရီးသွားရာ၌ ဆိုင်ကယ် Taxi  စီးသူများခြင်းကြောင့် ဆိုင်ကယ်ငှားရမ်းမှု ဈေးကွက်ဖြစ်ပေါ် လာကြောင်း သိရပါတယ်။ဆိုင်ကယ်ငှားရမ်းခမှာ ဆိုင်ကယ် တစ်စီး တစ်ရက်ငှားရမ်းခ ကျပ် ၂၀၀၀ နှုန်းဖြင့်ငှားရမ်းပြီး ပြေးဆွဲနေကြောင်း သိရပါတယ်။ဆိုင်ကယ်ငှားရမ်းသူ   တစ်ဦးက "မန္တလေးမြို့က ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားကြီးကွင်းတွေမှာ ဂိတ်ထိုးကြတယ်။ ဒါကြောင့် အမျိုးသားခရီးသွားတွေက တစ်ဦးထဲဆို ဆိုင်ကယ် Taxi  ပဲ စီး လိုက်တော့တာပေါ့။ ညပိုင်းနဲ့ နံနက် အစောပိုင်း ယာဉ်ရောက်ချိန်ဆို ဆိုင် ကယ်အစီးများတယ်။ ဆိုင်ကယ်ငှားတဲ့ အခါမှာတော့ နယ်ခံအသိကိုပဲ စာချုပ်နဲ့ ငှားတာပေါ့။  ဆိုင်ကယ်ပျက်တဲ့အခါ ကျပ်  ၅၀၀၀  ဝန်းကျင်ကုန်ရင် ပိုင်ရှင်နဲ့ ငှားတဲ့သူနဲ့ တစ်ယောက်တစ်ဝက် ကျခံတယ်။ ကျပ် ၅၀၀၀ အထက်ဆိုရင် ပိုင်ရှင်ကပေးရတယ်။ ဆိုင်ကယ်တစ်စီး မှ ကျပ် ၃ သိန်းတန်ငှားရင် တစ်လကို ကုန်ကျစရိတ် ကျပ်တစ်သောင်းနုတ်ရင် ကျပ် ငါးသောင်းကျန်တော့ ခြောက် လအတွင်း  ဆိုင်ကယ်ဖိုးကျေတယ်။ အလုပ်မရှိတဲ့သူအတွက်လည်း အလုပ် ရ အဆင်ပြေတာပေါ့"လို့ ပြောပါတယ်။မြို့တွင်း Taxi  များပြေးဆွဲရာတွင်  ယခင်က လေးဘီးယာဉ်များပြေးဆွဲရာ မှာ ဆန်နီယာဉ်နဲ့ Light  Truck  ယာဉ် များ အစားထိုးအသုံးပြုလာပါတယ်။ ယခုအခါ  ဆိုင်ကယ် Taxi  များပါ အစားထိုးအသုံးပြု ပြေးဆွဲလာပါတယ်။ ဆိုင်ကယ် Taxi  များ ငှားရမ်းတဲ့ဈေး ကွက်ဖြစ်ပေါ်ခြင်းကြောင့် ကျပ် သုံး သိန်း၊ သုံးသိန်းငါးသောင်းတန် ဆိုင် ကယ်များလည်း ပွဲစားအခေါ် ခါးလယ် ဘီး  တစ်ပတ်ရစ်ဘီးများ  အရောင်း အဝယ်ရှိလာကြောင်း သိရပါတယ်။ဇူးဇူး