Main menu

Background

မြေကွက်အရောင်းအဝယ်များ တန့်နေ

Sun, 12/18/2011 - 09:29 -- Anonymous (not verified)

              အိမ်ခြံမြေ ဈေးကွက်အတွင်းတွင် လက်ရှိအခြေအနေ၌   အရောင်း အဝယ်များမှာ   တန့်လျက်ရှိကြောင်း သိရသည်။"အခုရက်ပိုင်းလေးမှာ အိမ်ခြံမြေ ဈေးကွက်မှာ  အရောင်းအဝယ်တွေ နည်းနည်းတန့်သွားတယ်။ ရောင်းမယ့် သူတွေကတော့ များသား။ ဒါပေ မယ့် ဝယ်မယ့်သူတွေက အဝယ်ကိုမရှိတော့ တာ။ စရန်ပေးထားတဲ့သူတွေလောက် ပဲ အလုပ်ဖြစ်နေတာ။ အရင်က ဝယ် မယ့်သူတွေကလိုက်ပြီး ဝယ်နေပေမယ့် ရောင်းမယ့်သူတွေက  ဈေးကိုင်နေကြ တာ။ အဲဒီတော့ ဈေးတွေက မလိုအပ် ဘဲနဲ့ တက်ကုန်တာပေါ့။ တချို့နေရာ တွေမှာဆို မကြုံဖူးလောက်အောင်ကို ဈေးခေါ်ထားတာ။  အဲဒီလို ဈေးခေါ် တာကလည်းခေါ်တာပဲရှိတာ။ တကယ် အလုပ်ဖြစ်တော့ တစ်ဈေး၊ ခေါ်တာက တစ် ဈေးဖြစ်နေတာလေ။ အများဆုံး  အရောင်းအဝယ်ဖြစ်နေတာကတော့ စက်မှုဇုန်နဲ့နီးတဲ့   ရပ်ကွက်တွေပဲ၊ အရင်တုန်းက ပေ ၄၀×၆၀ မြေကွက်ကို ၁၀သိန်းလောက်ပေးရတဲ့နေရာတွေမှာ အခုဆိုရင် မြေကွက်ကြီးပဲတောင် သိန်း ၄၀ လောက်နဲ့ဝယ်နေကြတာ။ အဓိက ဝယ်တဲ့သူတွေကတော့ ငွေပိုနေတဲ့သူ တွေပဲလေ။ သူတို့က ကားဝယ်ရောင်း လည်းလုပ်လို့မရ ဒေါ်လာပွဲစားလည်း လုပ်လို့မရတော့ အိမ်တို့မြေတို့ဘက်ကို လှည့်လာတာပဲ ဖြစ်မှာ။ သူတို့က ငွေ ပေါတော့ နေရာထက် ရင်းနှီးမြှုပ်နှံဖို့က အဓိကထားတာဆိုတော့ ဘယ်ဈေးပဲ ဖြစ်ဖြစ် ဝယ်တော့တာပဲ"ဟု အိမ်ခြံမြေ ပွဲစားတစ်ဦးက ဆိုသည်။ယခင်ရက်များအတွင်းက စက်မှု ဇုန် မြေကွက်များမှာလည်း မကြုံစဖူး ဈေးများဖြင့်  ဈေးခေါ်လျက်ရှိသော် လည်း အရောင်းအဝယ်  ဈေးစကား ဆိုင်တိုင်း  ပျက်သွားကြောင်း အဆိုပါ ပွဲစားက ဆိုသည်။ သန်လျင်ဘက်ရှိ မြေကွက်များမှာလည်း  ခေါ်ဈေးသာရှိ ပြီး  အရောင်းအဝယ်ဖြစ်မှုမှာ အနည်း ငယ်သာရှိကြောင်း  သိရသည်။                  မယ်သီတာ