Main menu

Background

အိန္ဒိယစီးပွားရေး ရူးပီးငွေ တန်ဖိုး

Sun, 12/18/2011 - 10:47 -- Anonymous (not verified)

           ငွေကြေးသည် တိုင်းပြည်စီးပွားရေး၏ ကျန်း မာရေးအခြေပြ ဘာရိုမီတာဟုဆိုပါလျှင် အိန္ဒိယ စီးပွားရေးမှာ အကြီးအကျယ်ဖျားနာနေပြီဟု ဆိုရ လိမ့်မည်။  ကုန်ခဲ့သည့် ဧပြီလအထိမှာ တစ် ဒေါ်လာ ၄၄ ရူးပီးဖြင့် အတော်အသင့်အခြေခိုင်စွာ အရောင်းအဝယ် ဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ် တွင် လုံးလုံးခဲခဲ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မုတ်သုံမိုး ကိုလည်း လုံလောက်စွာရရှိခဲ့သည်။ စတော့ဈေး ကွက်မှာလည်း အခြေအနေကောင်းနေခဲ့သည်။ ယခုတော့ စီးပွားရေး အခြေအနေများက တော်တော်ဆိုးနေသည်။ ရူးပီးငွေသည် သြဂုတ်လ မှစပြီး ဒေါ်လာနှင့်လဲရာတွင် တန်ဖိုး ၁၆ ရာခိုင် နှုန်း ကျဆင်းလာခဲ့သည်။ လာမည့်နှစ်တွင် ပြည် တွင်းထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) တိုးတက်မှုသည် ၇ ရာခိုင်နှုန်းအောက် ရောက်သွားလိမ့်မည်ဟု လေ့ လာဆန်းစစ်သူများက ခန့်မှန်းကြသည်။ ဘုံဘေစတော့ဈေးကွက်မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတို့ ထွက်ခွာသွားကြသဖြင့် ၂၀၁၁ ခုနှစ် အတွင်း ယခုအချိန်အထိ စတော့ဈေးနှုန်းများ  ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။  ရူပီးငွေ တန်ဖိုးသာ ယခုအတိုင်း ပျော့နေဦးမည်ဆိုလျှင် ရေနံဝယ်ယူတင်သွင်းရာတွင် စရိတ်ပိုကုန်ဦးမည် ဖြစ်သဖြင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးရေးကို ပိုပြီးနှေး ကွေးသွားစေဦးမှာ ဖြစ်သည်။အိန္ဒိယရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ် မှာ တိုက်ဖျက်လို့ မအောင်မမြင်ဖြင့် ကာလကြာ ရှည်စွာ စွဲကပ်နေသည့် ငွေဖောင်းပွမှုဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်တာအတွင်းမှာ ငွေဖောင်းပွမှု တိုက်ဖျက်ရေးအတွက်  ဘဏ်အတိုးနှုန်းများကို အိန္ဒိယဗဟိုဘဏ် (Reserve Bank of India)က (၁၃)ကြိမ်အထိ တိုးမြှင့်သတ်မှတ်ခဲ့ရသည်။  ချေး ငွေရယူသည့်အတွက် (အတိုး)စရိတ်ကုန်ကျမှုတွင် ၃ဒသမ ၇၅ ရာခိုင်နှုန်း ထပ်တက်လာခဲ့သည်။ သို့ တိုင်အောင်  အောက်တိုဘာလတွင် အိန္ဒိယ၏ စံချိန်တင်ငွေဖောင်းပွနှုန်းသည် ယမန်နှစ်ကထက် ၉ ဒသမ ၇၃ ရာခိုင်နှုန်း ထပ်တက်ခဲ့သည်။ "ကိုယ့် ဘာသာ မလှုပ်သာ မရှားသာဖြစ်အောင် လုပ်ရာ ရောက်နေသည်။ ငွေကြေးမူဝါဒကို အလွန်အမင်း တင်းကျပ်ခဲ့သဖြင့်  စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ဆိုးကျိုးသက်ရောက်စေခဲ့ပြီး၊ ငွေဖောင်းပွမှုအပေါ် အကျိုးသက်ရောက်မှုမှာ  အကန့်အသတ်ဖြင့် အနည်းအကျဉ်းသာ  အကျိုးသက်ရောက်စေခဲ့ သည်" ဟု ING Financial Markets  မှ အာရှ ဒေသဆိုင်ရာ စီးပွားရေးပညာရှင် တင်ကွန်ဒန်က သုံးသပ်သည်။ အစိုးရသည် ငွေဖောင်းပွမှု တိုက် ဖျက်ရေးကို ယခုထက်ပိုပြီး မြန်ဆန်စွာဆောင်ရွက် ရန်လိုအပ်ခဲ့သည်။ ယခုတော့ ငွေဖောင်းပွမှုပြဿ နာကို ခက်ခက်ခဲခဲ ဖြေရှင်းနေရပြီဟု လေ့လာသူ များက သုံးသပ်ကြသည်။ပိုပြီးဆိုးဝါးသွားစေသည့်အချက်မှာ ဝန်ကြီး ချုပ် မန်မိုဟန်ဆင်းဦးဆောင်သည်  ညွန့်ပေါင်း အစိုးရက  အိန္ဒိယနိုင်ငံ၏ ဈေးကွက်ပမာဏ ဒေါ်လာ ၃၉၆ ဘီလီယံရှိသည့် လက်လီရောင်း ဈေးကွက်သို့ နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်ခွင့် ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ ၇ ရက် နေ့တွင် ဆိုင်းငံ့ထားလိုက်ခြင်းဖြစ်သည်။ လက်လီ ရောင်းလုပ်ငန်းတွင် နိုင်ငံခြားကုမ္ပဏီများအား ၅၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ပြုရန် အဆိုပြု ချက်ကို မန်မိုဟန်ဆင်း အစိုးရအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ကပင်  အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ခွင့်ပြုလိုက်ခြင်းဖြင့် စားသုံးသူများသို့  Wal-Mart  ကဲ့သို့ ကုန်တိုက်ကြီးများက လျှော့ နှုန်းဖြင့် အပြိုင်အဆိုင်ရောင်းချကြမည်ဖြစ်ရာ ငွေ ဖောင်းပွမှုကို ထိန်းပေးထားနိုင်မည်ဖြစ်သည်။သို့သော်လည်း အတိုက်အခံ ဘရာတီယာ ဂျနာတာပါတီနှင့် ညွန့်ပေါင်းအစိုးရထဲမှ မဟာမိတ် အချို့က  ဒေသခံ လက်လီဆိုင်လုပ်ငန်းများကို အကာအကွယ်ပေးရန် အစိုးရအား ဝေဖန်တိုက် ခိုက်ခဲ့ကြသည်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုက ပြည်တွင်းစီးပွားရေးလုပ်ငန်းကလေးများကို ဝါးမြိုပစ်လိမ့်မည်ဟု ဆန္ဒပြသူများအား လှုံ့ဆော် ခဲ့ကြသည်။ ဈေးနှုန်းများကို အစိုးရထိန်းမထား နိုင်ခြင်းကြောင့် တစ်နေ့ ၂ဒေါ်လာအောက်သာ ဝင်ငွေရရှိကြသည့် ဆင်းရဲသား သန်း ၈၀၀ ကို ထိခိုက်နစ်နာစေသည်ဟု အတိုက်အခံ နိုင်ငံရေး သမားများက ဝေဖန်ခဲ့ကြသည်။ ဝန်ကြီးချုပ်ဆင်းက ငွေဖောင်းပွမှု တိုက် ဖျက်ရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြေညာ ၍ တိုက်ဖျက်ခဲ့သော်လည်း လမ်းများ၊ ဆိပ်ကမ်း များနှင့် လျှပ်စစ်ဓာတ်အားပေးစနစ်များ ညံ့ဖျင်း နေဆဲရှိခြင်းကြောင့် ကုန်ကျစရိတ် ပိုမိုကြီးမားစေ ပြီး ငွေဖောင်းပွမှုတိုက်ဖျက်ရေးကို ပိုမိုခက်ခဲစေ သည်ဟု  ခရက်ဒစ်ဆွီး ဘဏ္ဍာရေးလုပ်ငန်း၏ စင်ကာပူအခြေစိုက် စီးပွားရေးပညာရှင် ဂျိုးဇက် တန်က သုံးသပ်သည်။ အစိုးရက လောင်စာစွမ်း အင်ဈေးနှုန်း မြင့်တက်လာခြင်းကို သက်သာလျော့ ပါးစေရန်အတွက် ဒီဇယ်၊ ဓာတ်ဆီနှင့် ရေနံဆီတို့ အတွက် ထောက်ပံ့ကြေးများ စိုက်ထုတ်ပေးနေရ သဖြင့် တိုင်းပြည်၏ ဘတ်ဂျက်လိုငွေတွင် ပိုများ လာစေသည်။ လာမည့်မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေသည် တိုင်း ပြည်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၅ ဒသမ ၅ ရာ ခိုင်နှုန်းအထိ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းသည်။ ယမန်နှစ်က ဘတ်ဂျက်လိုငွေမှာ ဂျီဒီပီ၏ ၄ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။အိန္ဒိယနိုင်ငံသည် ဥရောပကြွေးမြီ အကျပ် အတည်းကြောင့် မိမိ၏ပို့ကုန်ဝယ်လိုအား ကျဆင်း သွားမည်ကို တရုတ်နိုင်ငံနည်းတူပင် စိုးရိမ်ပူပန်ရ လျက်ရှိသည်။ ယခုအချိန်မှာတော့ အိန္ဒိယရူပီးငွေ တန်ဖိုးမှာ အကြောင်းအမျိုးမျိုးကြောင့် အားပျော့ နေဦးမှာဖြစ်သည်။ လိုရင်းအချုပ်ဆိုရလျှင်  သြ ဂုတ်လနောက်ပိုင်းမှစ၍    ရူပီးငွေတန်ဖိုးမှာ ဒေါ်လာနှင်ယှဉ်လျှင် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်း နေခြင်းက အိန္ဒိယနိုင်ငံတွင် ငွေဖောင်းပွမှု၊ ပို့ကုန် တင်ပို့ရောင်ချရေးနှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ စိုးရိမ်ကြောင့်ကြမှု ပြဿနာများနှင့်  ရင်ဆိုင်နေရ ခြင်းကို ညွှန်ပြနေသည့်လက္ခဏာပင် ဖြစ်သည်ဟု ဆိုပါသည်။Ref;Bloomberg Businessweek