Main menu

Background

ဟောင်ကောင်ဒေသ၏၂၀၁၁ ခုနှစ် စက်တင်ဘာလ နိုင်ငံခြားအရန်ငွေ ဘီလီယံ ၂၀၀၀ ကျော်

Sun, 12/18/2011 - 10:48 -- Anonymous (not verified)

          ၂၀၁၁ ခုနှစ် စက်တင်ဘာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန်ငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၁၇၁ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော သြဂုတ်လထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၆၆ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။အဆိုပါ စုစုပေါင်းနိုင်ငံခြားအရန်ငွေ ပမာဏသည် ပြည်တွင်း၌ လည်ပတ်လျက်ရှိသော ငွေကြေး ပမာဏနှင့် ငွေချေးစာချုပ်များ၏ ၉ ဆ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ  M3  ၏ ၅၅ ရာခိုင်နှုန်း ရှိကြောင်း၊ ဟောင်ကောင်ဒေသသည် တရုတ် ပြည်မကြီး၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေးဗျ၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ ဘရားဇီးလ်နှင့် တောင်ကိုရီးယားနိုင်ငံပြီးလျှင် နဝမမြောက် နိုင်ငံခြားအရန်ငွေပမာဏအများဆုံး ဆက်လက်ပိုင်ဆိုင်ထားကြောင်း သိရသည်။ဇာစ်မြစ်-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံးဟောင်ကောင်မြို့