Main menu

Background

စွမ်းအင်ဝန်ကြီးဌာနမှ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပြည်တွင်းထုတ်ဓာတ်ဆီကို ဈေးကွက်ပေါက်ဈေးဖြင့် ပြင်ဆင်သတ်မှတ်ရောင်းချပေးပြီး ဈေးနှုန်းအရှင်ဖြင့် လွတ်လပ်စွာ ပြန်လည်ရောင်းချခွင့်ပြုတော့မည်

Sun, 12/18/2011 - 10:53 -- Anonymous (not verified)

              ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် အသီးသီးတို့က လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး  စသည့်ကဏ္ဍပေါင်းစုံ အတွက်မေးမြန်းတင်ပြခဲ့ကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ "ဓာတ်ဆီဖြန့်ဖြူးရာတွင် သတ်မှတ်ဈေးနှုန်းတစ်မျိုးတည်းဖြင့် ရောင်းချနေ ခြင်းကြောင့် ဖြစ်ပေါ်နေသော အကျိုးအပြစ်များ အား ပြန်လည်ဝေဖန်သုံးသပ်၍ လိုအပ်မည့် အစီ အစဉ်များ ဆောင်ရွက်ပေးရေးအစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း" မေးခွန်းနှင့်စပ်လျဉ်း၍ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်တွင်းထုတ် ဓာတ်ဆီကို အရှုံးခံ၍ ဖြန့်ဖြူးရောင်းချပေးခြင်း သည် ပြည်သူလူထုအပေါ်  စေတနာဖြင့်ဆောင် ရွက်ပေးခြင်းဖြစ်သော်လည်း ပြည်သူလူထုအနေ ဖြင့် အမှန်တကယ် အကျိုးမခံစားရသည်ကို တွေ့ရှိ ရကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုး စီးပွားအတွက်နယ်ပယ်ကဏ္ဍပေါင်းစုံမှာ အကောင် အထည်ဖော်ဆောင်ရွက်နေရသည့် လုပ်ငန်းများ တွင် နိုင်ငံဘဏ္ဍာငွေများကို အကျိုးရှိစွာသုံးစွဲနိုင် ရန်အတွက် ပြည်တွင်းထုတ်ဓာတ်ဆီကို အရှုံးခံ၍ မရောင်းသင့်တော့ဘဲ ဖြစ်သင့်သည့် ဈေးနှုန်းဖြင့် ပြင်ဆင်သတ်မှတ်ရောင်းချသင့်သည်ဟု စွမ်းအင် ဝန်ကြီးဌာနကလည်း ထင်မြင်ယူဆပါကြောင်း၊ ထို့ ကြောင့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပြည် တွင်းထုတ် ဓာတ်ဆီများအား ဈေးကွက်ပေါက်ဈေး ဖြင့် ပြင်ဆင်ရောင်းချနိုင်ရေးကို သင့်လျော်သော အချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် ယင်းသို့ဈေး နှုန်းပြောင်းလဲမည့်ကိစ္စကို သုံးစွဲသူပြည်သူူများသို့ ကြိုတင်အသိပေးကာ ကြေညာပြီးမှ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စက်သုံး ဆီတင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း များကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား ၂၀၁၀ ခုနှစ် ဇွန်လမှစတင်၍ လွတ်လပ်စွာလုပ်ကိုင်ခွင့် ပြုခဲ့ သော်လည်း ပုဂ္ဂလိကအနေဖြင့် ဓာတ်ဆီကို ဒီဇယ် ဆီကဲ့သို့ အပြည့်အဝကိုင်တွယ်၊ သယ်ယူပို့ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူးနိုင်မှု  မရှိသေးသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းထုတ်ဓာတ်ဆီကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ တစ်ဂါလန်လျင် ငွေ ၂၃၂၂ ကျပ်ဈေးနှုန်းဖြင့် ရောင်းချပေးပြီး စွမ်းအင် ဝန်ကြီးဌာနကပင် တစ်နိုင်ငံလုံးသို့ တာဝန်ယူပို့ ဆောင်ပေး၍ ပုဂ္ဂလိကအရောင်းဆိုင်များအနေ ဖြင့် တစ်ဂါလန်လျင် ငွေကျပ် ၂၅၀၀ ဈေးနှုန်းတစ် ပြေးညီသတ်မှတ်၍ ပြန်လည်ရောင်းချစေလျက် ရှိသည်။ထိုသို့ တစ်ဂါလန်လျှင် ငွေကျပ် ၂၅၀၀ ဈေး နှုန်းတစ်ပြေးညီ သတ်မှတ်ရောင်းချစေခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်ပြုခဲ့သည့် ၂၀၁၀ ခုနှစ် ဇွန်လမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်အထိ သယ်ယူပို့ဆောင်ခနှင့် ဝန်ဆောင်စရိတ်များအပါအဝင် စုစုပေါင်းကုန်ကျ စရိတ် ငွေကျပ် ၃၁ ဒသမ ၈၈ ဘီလီယံခန့် အရှုံးခံ ခဲ့ရသည်။  ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ရောင်းဈေးနှုန်း အပေါ် ၅ ရာခိုင်နှုန်း ရောင်းခွန်ပေးဆောင်ရမည် ဖြစ်သော်လည်း စွမ်းအင်ဝန်ကြီးဌာန၏ ရောင်း ဈေးနှုန်းတစ်ဂါလန် ငွေ ၂၃၂၂ ကျပ်တွင် လုပ်ငန်း ရှင်များက ပေးဆောင်ရမည့်ရောင်းခွန်ကို တစ်ဂါ လန် ငွေ ၂၈ ကျပ်သာ မူသေသတ်မှတ်ထည့်သွင်း ၍ တစ်ဂါလန်လျင် ငွေကျပ် ၂၃၅၀ ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ဓာတ်ဆီတစ်ဂါလန်ရောင်း ဈေး ငွေကျပ် ၂၅၀၀ အတွက် အမှန်ပေးဆောင် ရမည့်ရောင်းခွန်သည် ငွေ ၁၂၅ ကျပ်ဖြစ်သော် လည်း ငွေ ၂၈ ကျပ်သာ ကောက်ခံခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် စုစုပေါင်းအ ခွန်ဝင်ငွေ ကျပ် ၁၅ ဒသမ ၄၈ ဘီလီယံခန့် လျော့နည်းရရှိခဲ့သည်။ထို့ကြောင့် ပြည်တွင်းထုတ်ဓာတ်ဆီရောင်းဈေးနှုန်း တစ်ဂါလန် လျင် ငွေ ၂၃၂၂ ကျပ်အစား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဈေးကွက်ပေါက်ဈေးဖြင့် ပြင်ဆင်သတ်မှတ်ရောင်းချပေးပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များအား ရောင်းဈေးနှုန်းအရှင်ဖြင့် လွတ်လပ်စွာ ပြန် လည် ရောင်းချခွင့်ပြုတော့မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့၌ ရောင်းချပေးမည့် အထိုင်ဈေးနှုန်းအပေါ် စွမ်းအင်ဝန် ကြီးဌာနမှ တာဝန်ယူပို့ဆောင်ပေးသွားမည့် သယ်ယူပို့ဆောင်ခကို လုပ်ငန်းရှင်များမှ ပေးဆောင်ရမည်ဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများကို ပြည့်ဝမှန်ကန်စွာ ရရှိစေရန်အတွက် ပုဂ္ဂလိကအရောင်းဆိုင်များက ပြန်လည်ရောင်းချသည့်  ရောင်းဈေးနှုန်းအပေါ်တွင် ကျသင့်မည့် ရောင်းခွန် ၅ ရာခိုင်နှုန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည် တွင်းအခွန်များဦးစီးဌာနက တွက်ချက်ကောက်ခံသွားမည်ဖြစ်သည်။ပြည်တွင်းထုတ် ဓာတ်ဆီကို ရန်ကုန်မြို့၌ အထိုင်ဈေး တစ်ဂါ လန် ခန့်မှန်းငွေကျပ် ၃၀၀၀ ဈေးနှုန်းဖြင့် ရောင်းချပေးပြီး မြို့ကြီး အချို့ရှိ ပုဂ္ဂလိကအရောင်းဆိုင်များက ပြန်လည်ရောင်းချသင့်သည့် တစ်ဂါလန် ရောင်းဈေးနှုန်းများကို ခန့်မှန်းတွက်ချက်ကြည့်ပါက ဇယား(၁)ပါအတိုင်း တွေ့ရှိရသည်။ ယင်းဇယား(၁)ပါ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များမှ ပြန်လည်ရောင်းချသင့်သည့် ပြည် တွင်းထုတ် ဓာတ်ဆီတစ်ဂါလန် ရောင်းဈေးနှုန်းများကို ဇယား(၂)ပါ ယခုလက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းထုတ်ဓာတ်ဆီနှင့် ၉၂ ျွသည ဓာတ်ဆီ တစ်ဂါလန်ရောင်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ယခု ကဲ့သို့ ဓာတ်ဆီဈေးနှုန်းပြင်ဆင်သတ်မှတ်ရောင်းချရန် ဆောင်ရွက် ခြင်းသည် ပြည်သူလူထုအတွက် များစွာပို၍ ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင် ဟု သုံးသပ်တွေ့ရှိရသည်။နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့  စနစ်တကျဆောင်ရွက်ခြင်းအပေါ် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း ထုတ်ပြန်ထားသည့် ကုန် သွယ်လုပ်ငန်းခွန်ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူ လူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ငဲ့ညှာသောအားဖြင့် မိမိအမြတ် အစွန်းရရှိရေးကိုသာကြည့်ပြီး မတော်လောဘဖြင့် အမြတ်အစွန်း များစွာတင်၍ ပြန်လည်ရောင်းချခြင်းမပြုကြရန် မိမိအတွက် ရသင့်ရ ထိုက်သည့် အမြတ်ကိုသာရယူ၍ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချကြရန် စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ဂလိကလုပ်ငန်း ရှင်များအား မေတ္တာရပ်ခံထားကြောင်း၊ ပုဂ္ဂလိကအရောင်းဆိုင်များ တွင် ပြည်တွင်းထုတ်ဓာတ်ဆီကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ပြန် လည်ရောင်းချခြင်းမပြုဘဲ အမြတ်များစွာတင်၍ ရောင်းချပါက သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းများထံသို့ လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ဖုန်း-၀၆၇-၄၁၁၁၃၆) ထံသို့ လည်း ကောင်း ပြည်သူလူထုအနေဖြင့် တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း စွမ်း အင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။