Main menu

Background

ကော်ဖီသောက်ခြင်းက အမျိုးသမီးများအတွက် ကျန်းမာရေးအထောက်အကူပြုနိုင်

Sun, 12/18/2011 - 11:22 -- Anonymous (not verified)

        နေ့စဉ်ကော်ဖီ လေးခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးများဟာ သားအိမ်ကင်ဆာ(endometrial Cancer) ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ လေ့လာစမ်းသပ်တွေ့ရှိရကြောင်း နယူး ယောက်တိုင်းမ်သတင်းထဲမှာ ရေးသားဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ (National Cancer Institute)  အမျိုးသားကင်ဆာဌာနရဲ့ အဆိုအရ နှစ်စဉ် အမျိုးသမီးဦးရေ ၄၆၀၀၀ ဟာ သားအိမ်ကင်ဆာ ဖြစ်ပွားလျက်ရှိပြီး ၈၀၀၀ ခန့်ဟာ အဲဒီရောဂါကြောင့် သေဆုံးနေတယ်လို့သိရပါတယ်။ ၂၆ နှစ်ကြာ သုတေသနပြုမှုများအတွင်း အသက် (၃၄)နှစ်မှ (၅၉) နှစ်အတွင်းရှိ အမျိုးသမီး ၆၇၄၇၀ ဦးရဲ့ နေထိုင်မှု ဓလေ့သဘာဝများ၊ စားသောက်ပုံနည်းစနစ်များနဲ့ ကျန်းမားရေးဆေးစစ်ချက်များကို နှိုင်းယှဉ်လေ့လာ ခဲ့တာဖြစ်ပါတယ်။ ဒေါက်တာ့Youjin  Je  ဦးဆောင်တဲ့ အမေရိကန်နိုင်ငံ ဟားဗတ်ပြည်သူ့ကျန်းမာရေးဆေးကျောင်း ကပြုလုပ်တဲ့ သုတေသနစစ်တမ်းတွေ့ရှိချက်အရ နှစ်ပေါင်းများစွာကြာအောင် နေ့စဉ် ကော်ဖီ လေးခွက် ထက်ပိုသောက်ခဲ့တဲ့ အမျိုးသမီးများဟာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ သာမန်ထက် ၂၅ရာခိုင်နှုန်း လျော့ နည်းနေတာကို တွေ့ရှိရတယ်လို့ သိရှိရပါတယ်။ ၎င်းတို့ရဲ့တွေ့ရှိချက်ကို နိုဝင်ဘာ ၂၂ ရက်ထုတ် Epidemiology ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။Source: Health News Today ၊ အေးအေးမြ