ဥရောပသမဂ္ဂအနေနဲ့ ဒေသတွင်းကြွေးမြီပြဿနာကို ထိန်းချုပ်နိုင်မယ့် အလားအလာ မရှိဆိုတဲ့ စိုးရိမ်ပူပန်မှုပိုလာခြင်း၊ အီရန်မှ OPEC အဖွဲ့ဝင်နိုင်ငံတွေကို ရေနံထုတ်လုပ်မှု လျှော့ချဖို့ မေတ္တာရပ်ခံလိုက်ခြင်းတို့ကြောင့် ယခင်အပတ်ကတည်းက ကျဆင်းသွားတဲ့ ရေနံ စိမ်းဈေးနှုန်းတွေက ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ကျဆင်းလာတယ်။ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI Oil) က တစ်စည်ကို ၃၇ ဆင့်ကျဆင်းကာ ၉၉ ဒသမ ၀၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာလည်း ဇန်နဝါရီလ ငွေချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းက တစ်စည်ကို ၄၈ ဆင့် (သုည ဒသမ ၄ ရာခိုင်နှုန်း) ကျဆင်းကာ ၁၀၈ ဒသမ ၁၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။Source: Bloomberg.com ပပ
Background