Main menu

Background

ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးစားနေတဲ့ တမူးနယ်စပ် ကုန်သည်အသင်း

Mon, 12/19/2011 - 06:43 -- Anonymous (not verified)

              မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်မှ ကုန်သည်များအသင်းက ကုန်သွယ်မှု တိုးတက် ရေးအတွက် တစ်ဖက်နိုင်ငံ ကုန်သည်အသင်းများ နဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါ တယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Manipur Sangai Festival 2011  သို့လည်း တမူးကုန်သည်အသင်းမှ ကုမ္ပဏီ လုပ်ငန်းရှင်များ တက်ရောက်ကာ တစ်ဖက်နိုင်ငံ ကုန်သည်များနဲ့ တိုက်ရိုက်ချိတ်ဆက်ခြင်း၊ မိမိတို့ ကုန်ပစ္စည်းများအတွက် ဈေးကွက်ရှာဖွေခြင်းနဲ့ နှစ်နိုင်ငံ ကုန်သည်အချင်းချင်း ပိုမိုချစ်ခင်ရင်းနှီး လာပြီး အပြန်အလှန် ကူးလူးဆက်ဆံရေးကောင်း မွန်ကာ လူမှုရေး၊ စီးပွားရေး အမြင်ကျယ်ပြန့်လာ ပြီး ကုန်သွယ်မှုပိုမိုတိုးမြှင့်ရန် ရည်ရွယ်ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနဲ့ ခရီးသွားလာရေး လုပ်ငန်းတိုးမြှင့်ရန် ရည်ရွယ်ချက်နဲ့ပြုလုပ်မယ့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ Friendship Car Rally  တစ်ခု စီစဉ်လျက်ရှိပြီး အာသံ (မဏိပူရ)နဲ့ မီဇိုရမ်ပြည်နယ်များမှ ဝန်ကြီး အဆင့်ရှိသူများ၊ အိန္ဒိယဗဟိုအစိုးရမှ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ တာဝန်ရှိ အဆင့်မြင့်အရာရှိများ၊ ပြည်နယ် သုံးခုမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကုန် သည်များပါဝင်တဲ့အဖွဲ့ဟာ နေပြည်တော်နဲ့ ရန် ကုန်မြို့တို့မှာ မြန်မာဘက်မှ စီးပွားရေးလုပ်ငန်းရှင် များအဖွဲ့နဲ့  Trade  နဲ့  Tourism Promotion Conference ကျင်းပပြုလုပ်မှာ ဖြစ်တာကြောင့် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။Sorurce: နကသ (တမူး)MIRT(DOBT)