Main menu

Background

ဟိုတယ်မန္တလေးမှာ သီးနှံစုံအစိုဓာတ်တိုင်း ကိရိယာများကို မိတ်ဆက်တဲ့ Promotion Seminar ကျင်းပ

Mon, 12/19/2011 - 06:51 -- Anonymous (not verified)

            မန္တလေးမြို့ Hotel Mandalay  ရှိ စံပယ်ဖြူခန်းမမှာ ဂျပန်နိုင်ငံအခြေစိုက် Kett Electric Laboratory နဲ့ Pioneer Post Harvest Development Group  နည်းပညာဖွံ့ဖြိုးမှုအဖွဲ့တို့ပူးပေါင်းကာ သီးနှံစုံအစိုဓာတ်တိုင်း ကိရိယာများကို မိတ်ဆက်တဲ့ Promotion Seminar ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက်က ကျင်းပခဲ့ပါတယ်။အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မန္တလေးတိုင်းဒေသ ကြီး မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း အလုပ်အမှု ဆောင်များ၊ ဆန်စပါး ကုန်သည်စက်ပိုင်များ၊ ပဲပြောင်းနှမ်း ကုန်သည်များ၊ အခြားစိတ်ဝင်စားသူ လုပ်ငန်းရှင် ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။  အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးဌေးလွင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက်  Pioneer Post Harvest Development Group  ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကျော်နဲ့ ဂျပန်နိုင်ငံအခြေစိုက် Kett Electric Laboratory မန်နေဂျာ Norihiro Yochida  တို့မှ ဆန် စပါး၊ ပဲမျိုးစုံတို့ရဲ့ အစိုဓာတ်တိုင်း ကိရိယာများအကြောင်းကို လက်တွေ့ရှင်းလင်းပြသခဲ့ကြပါတယ်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြတဲ့ သီးနှံမျိုးစုံကုန် သည်များ၊ လုပ်ငန်းရှင်များ၊ အခြားစိတ်ဝင်စားသူများမှ မိမိနဲ့ သက်ဆိုင်တဲ့သီးနှံများရဲ့ အစိုဓာတ်တိုင်းကိရိယာများကို မေး မြန်းကြပြီး လက်တွေ့စမ်းသပ်ခဲ့ကြပါတယ်။ အရည်အသွေး ကောင်းမွန်ပြီး အချိန်တိုအတွင်း သီးနှံများရဲ့အစိုဓာတ်ကို သိရှိရတဲ့အတွက် အထူးကြိုက်နှစ်သက်ပြီး ဝယ်ယူအားပေးခဲ့ ကြတယ်လို့ သိရှိရပါတယ်။                     ကျော်ဦး