ရှမ်းပြည်နယ်က ကုန်စည်ဒိုင်များမှာလည်း ကီလိုဂရမ် (Kg) စနစ် ပြောင်းလဲရောင်းဝယ်ကြစို့
တစ်ကမ္ဘာလုံးမှာ လယ်ယာထွက်ကုန်သီးနှံများ ရောင်းဝယ်မှုစနစ်မှာ မြန်မာ နိုင်ငံအပါအဝင် သုံးနိုင်ငံသာ ကီလိုဂရမ် (Kg) စနစ် သုံးစွဲခြင်းမရှိသေးဘဲ ကျန်နိုင်ငံ များအားလုံး ကီလိုဂရမ် (Kg) စနစ်ဖြင့် ရောင်းဝယ်နေကြပြီဖြစ်ပါတယ်။ ထို့အတူ ၂၀၁၅ ခုနှစ်မှာကျင့်သုံးတော့မယ့် အာဆီယံလွတ်လပ်တဲ့ကုန်သွယ်မှုဧရိယာ AFTA သည်လည်း ရောက်ရှိရန် လေးနှစ်ခန့်သာလိုတော့တာကြောင့် ကျွန်တော်တို့နိုင်ငံ မှာလည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် သတ္တမအကြိမ်မြောက် လက်ကားကုန်စည်ဒိုင် များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် ၁၃ ချက်ချမှတ်ခဲ့ပြီး၊ ပထမဦးဆုံးဆုံးဖြတ်ချက်မှာ "တစ်ပြည်လုံးရှိ ကုန်စည်ဒိုင်များတွင် လယ်ယာထွက် ကုန်သီးနှံများအားလုံးရဲ့ အချိန်အတွယ်အား ကီလိုဂရမ် (Kg) စနစ်ဖြင့် ပြောင်းလဲ နိုင်ရေးအတွက် ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက် ရန်"ဟု အလေးထား ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ရှမ်းပြည်နယ်မှာ လယ်ယာထွက်ကုန်သီးနှံများ ယနေ့အထိ ရောင်းဝယ်နေ ကြမှုမှာ ပိဿာဖြင့်ဖြစ်ကြပြီး နေထိုင်ရာလူမျိုးစုများအလိုက်၊ အင်း၊ တင်း၊ ပအို့ဝ်လီ၊ ဇနုတစ်လံစသဖြင့် အချိန်အတွယ် အမျိုးမျိုးသုံးစွဲနေကြတာဖြစ်ပါတယ်။ နိုင်ငံတကာ နဲ့ စီးပွားရေးဆက်သွယ်ရာမှာ ရောင်းဝယ်မှုတိုင်းရဲ့အချိန်အတွယ်ကို အများလက်ခံ ကျင့်သုံးနေတဲ့ ကီလိုဂရမ် (Kg) စနစ်သို့ တို့ရှမ်းပြည်နယ်မှာလည်း ပြောင်းလဲကျင့် သုံးကြရမှာဖြစ်တယ်။ သီးနှံများရဲ့ တစ်တန်ရှိ အလေးချိန်အား ယခင်က သတ်မှတ်ဝယ်ရောင်းနေ ကြတဲ့ ၆၁၂ ဒသမ ၃၉ ပိဿာအစား ကီလိုဂရမ် ၁၀၀၀ ဖြင့် ပြောင်းလဲရောင်းဝယ် ကြပါစို့လို့ တို့ရှမ်းပြည်မှာရှိတဲ့ ကုန်သည်များနဲ့ စိုက်ပျိုးထုတ်လုပ်သူများကို တိုက်တွန်း လိုက်ရပါတယ်။ အောင်ကျော်
