Main menu

Background

လူနေအိမ်များတွင် ပါကေးဖြင့် အလှဆင်ရာ၌ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါကေးခင်းကိုသာ အသုံးပြုသင့်

Mon, 12/19/2011 - 06:57 -- Anonymous (not verified)

               မန္တလေးမြို့ရှိ  လုံးချင်းအိမ်များ၊ ဘုန်းကြီးကျောင်းနဲ့သာသနိကအဆောက် အအုံများတွင် ပါကေးခင်း အသုံးပြုရာ ၌ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သား ပါကေးခင်းကိုသာ အသုံးပြုမှုများလာ ကြောင်း သိရပါတယ်။မန္တလေးမြို့ရှိ ပါကေးအရောင်းဆိုင် များတွင်  ပြည်တွင်းထုတ် သစ်သား ပါကေးနဲ့ ပြည်ပမှဝင်တဲ့ ပါကေးမျိုးစုံ ရောင်းချလျက်ရှိပါတယ်။ ပြည်ပမှဝင် တဲ့ ပါကေးများတွင် တရုတ်နှင့် မလေး ရှားနိုင်ငံတို့မှ အများဆုံးဝင်လျက်ရှိရာ ရေစိမ်ခံပါကေး၊ ဖိုက်ဘာပါကေး၊ မြေ ဖြူခံကြိတ်သားပါကေး၊PPC  ပလတ် စတစ်သားပါကေးများ အမျိုးမျိုးဝင်နေ ကြောင်းသိရပါတယ်။ ပါကေးတချို့မှာ ခြစားခြင်း၊ ရေစိုပါက ကြွတက်ခြင်း၊ ဓာတုပစ္စည်းများပါဝင်မှုရှိ၍ လူနေအိမ် များအတွက်  စနစ်တကျ ရွေးချယ် အသုံးပြုသင့်ကြောင်း အိမ်အလှဆင် လုပ်ငန်းမှ သိရပါတယ်။အိမ်အလှဆင် လုပ်ငန်းရှင်တစ်ဦး က "ခုနောက်ပိုင်းမှာ အိမ်ကအလှဆင် တဲ့ ပါကေးပြား၊ မျက်နှာကြက်တွေ အစုံဝင်လာတာတွေ့ရတယ်။ ပြည်ပက ဝင်တဲ့ ပါကေးထဲမှာ မယ်လမင်းတစ်မျိုး ထွက်တာပါတယ်။  ဓာတုပစ္စည်းတွေ အများကြီးပါတော့ ရေရှည်မှာကျန်းမာ ရေးအတွက် မကောင်းနိုင်ဘူး။ ဖိုက် ဘာမျှင်နဲ့ မာအောင် လုပ်ထားတာမျိုး လည်းဝင်တယ်။ ပြည်ပကဝင်တဲ့ပါကေး ကဈေးသက်သာတယ်။ ပြည်တွင်းထုတ် က သစ်သားပါကေးဆိုတော့ ဈေးများ တယ်။ အကြမ်းလည်းခံတယ်။ မန္တလေး မြို့မှာ သစ်သားပါကေးထုတ်စက်ရုံရှိ တော့  မန္တလေးက အဆောက်အအုံ တွေမှာ အသုံးများတယ်။ သစ်အကြမ်း ထည်လည်းထွက်တော့  ရန်ကုန်မြို့ ထက်စာရင် ဈေးသက်သာတယ်။ သစ် သား ပါကေးကို မန္တလေးမြို့နဲ့ အနီး တစ်ဝိုက်ရှိမြို့က  အိမ်တွေမှာလည်း အသုံးများတယ်။  ကျောက်ဆည်ဆို တော်တော်များများကို  သုံးကြတယ်။ ရန်ကုန်မြို့မှာတော့   ပြည်ပကဝင်တဲ့ ပါကေးအသုံးပြုတာ အများဆုံး တွေ့ ရတယ်။ ကျွန်တော်တို့ အလှဆင်ရင် တော့ ကျန်းမာရေးနဲ့မညီတဲ့ ပစ္စည်းကို မသုံးဘူး။ ထောင့်စွန်းတွေမှာပဲ အလှ အနေနဲ့ ထည့်သုံးလေ့ရှိတယ်။ ငွေမနိုင် ရင်တော့ အန္တရာယ်မရှိနိုင်တဲ့ နေရာ မျိုးတွေမှာပဲ သုံးသင့်တယ်။ ပါကေးကို ကြည့်ပြီး  အသုံးပြုသင့်လားဆိုတာ သတိထားပြီးမှ သုံးသင့်တယ်" လို့ပြော ပါတယ်။ သစ်သားပါကေးခင်းပါက ဆေး သုတ်ခနဲ့ ကော်ကပ်ခအပိုကုန်ကျမှုရှိ ပြီး၊ ပြည်ပမှဝင်တဲ့ ပါကေးများမှာ အပို ကုန်ကျစရိတ်မရှိကြောင်း သိရပါတယ်။ ဇူးဇူး