စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကော်မတီရဲ့ ကြီးကြပ်မှုဖြင့် မုံရွာမြို့ နယ် ကျေးလက်ဒေသ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီမှ ဇေယျာပဒေသာ ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးချေးငွေများကို ၂၀၁၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်း မှစပြီး စတင်ချေးပေးခဲ့ရာ ယခုအခါ သတ်မှတ်ချေးငွေကာလ ၃ လပြည့်တဲ့ ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းရှင်များထံကို ကွင်းဆင်း ကောက်ခံခဲ့ရာ ၉၀ ရာခိုင်နှုန်းခန့် ပြန် လည် ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရပါတယ်။မုံရွာမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်စု မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇေယျာ ပဒေသာဖောင်ဒေးရှင်းမှ ပံ့ပိုးထုတ် ချေးပေးတဲ့ ကျပ် ၂၄၁ ဒသမ ၉ သိန်း အနက် ဒီဇင်ဘာလဝက်အထိ အရင်း ကျပ်သိန်း ၁၈၀ ကျော်နဲ့ အတိုး ကျပ် ၁၀ သိန်းကျော်၊ စုစုပေါင်း ကျပ်သိန်း ၂၀၀ ခန့်ကောက်ခံရရှိပြီဖြစ်ကြောင်း၊ ကျန်ရှိတဲ့ ၅ လ ထပ်ချေးငွေများကို လာမယ့် ၂၀၁၂ ဖေဖော်ဝါရီလဆန်းမှာ ဆက်လက် ကောက်ခံသွားမှာဖြစ် ကြောင်း၊ ကွင်းဆင်းအဖွဲ့ခေါင်းဆောင် လယ်ယာထွက်ကုန်၊ မုံရွာမြို့နယ် တာဝန်ခံထံမှ သိရှိရပါတယ်။ အဖွဲ့ အနေဖြင့် ချေးငွေသက်တမ်း ၃ လပြည့် သူများထံမှ အတိုး၊ အရင်း အပြည့်အ၀ ပြန်လည်ရရှိအောင် ကြိုးစားဆောင် ရွက်နေကြသလို တာဝန်ကျေတဲ့ ကျေး လက်အသေးစား ကုန်ထုတ်လုပ်ကိုင်သူ များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံစီးပွားဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ ဒုတိယအကြိမ် အသေးစား ကုန်ထုတ်လုပ်ငန်းချေးငွေ အဖြစ် ထပ်မံ ထုတ်ချေးသွားမှာဖြစ် ကြောင်း သိရှိရပါတယ်။ ထွန်းလှိုင်
Background