Main menu

Background

စစ်ကိုင်းမြို့မှာ ကျောက်မျက်ရတနာဈေး ပေါ်ပေါက်လာတော့မယ်

Mon, 12/19/2011 - 07:02 -- Anonymous (not verified)

             စစ်ကိုင်းမြို့မှာ   ကျောက်မျက် ရတနာရောင်းဝယ်နိုင်တဲ့ဈေးကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖွင့်လှစ်ရန် စစ်ကိုင်း-မုံရွာကားလမ်းဘေး ဆင်များ ရှင်ဘုရားအနီး တည်ဆောက်လျက်ရှိပါ တယ်။ကျောက်မျက်ရတနာဈေးမှာ ဈေး ဆိုင်ခန်းပေါင်း ၁၃၀ခန်း တည်ဆောက် ပြီး တစ်ခန်းကို ကျပ် ၁၃ ဒသမ ၁ သိန်း နဲ့ ရောင်းချပေးကြောင်း သိရပါတယ်။စစ်ကိုင်းမြို့  ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက "ကျောက်မျက်ရတနာ ဈေး ဆိုင်ခန်း တည်ဆောက်ပြီးစီးမှုက ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီ။ ဆိုင်ခန်းတွေကို လက်တွေ့   ဝယ်ရောင်းလုပ်နေတဲ့ အသင်းဝင်တွေကိုပဲ တစ်ဦးကို တစ်ခန်း နှုန်းနဲ့  ရောင်းချပေးမယ်။ ဆိုင်ခန်း အားလုံးရောင်းချပြီးပြီ။ အပြင်ဘက် တန်းမှာ  ဆက်ပြီးဆောက်မယ့် ဈေး တန်းအတွက် ထပ်မံရောင်းချပေးမယ်။ ကျောက်မျက်ရတနာဈေးမှာ  လတ် တလော အရောင်းအဝယ်ပြုလုပ်နေတဲ့ ကျောက်စိမ်းပုတီးပဲ  အရောင်းအဝယ် ပြုလုပ်မယ်။ တရားဝင်ဈေးကြီးဖြစ်လာ တဲ့အတွက်  ရောင်းရေးဝယ်တာမှာ စည်းကမ်းတကျဖြစ်အောင် သတ်မှတ် လုပ်ကိုင်ဖို့လိုမယ်။ တရုတ်နိုင်ငံသား တွေ  လာဝယ်တဲ့အခါမှာ စည်းကမ်း သတ်မှတ်ထားမယ်ဆိုရင်  ကိုယ့်ဘက် က   စည်းကမ်းသတ်မှတ်ထားတော့ အရှုံးမရှိတော့ဘူးပေါ့"လု့ိပြောပါတယ်။စစ်ကိုင်းမြို့   ကျောက်စိမ်းပုတီး ရောင်းဝယ်ရေးကို ဘော်ဝါရပ်ကွက်၊ ငါးထပ်ကြီးဘုရားအနီးမှာ လုပ်ကိုင် လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှာ တည်ဆောက်ပြီးစီးပါက ပြောင်းရွှေ့ လုပ်ကိုင်ကြမှာဖြစ်ပါတယ်။ စစ်ကိုင်း မြို့မှာ လက်ရှိကျောက်စိမ်းပုတီး ရောင်း ဝယ်လုပ်ကိုင်သူဦးရေ  ၆၀၀ ကျော်ရှိ ကြောင်း၊ အသစ်ဖွင့်လှစ်မယ့် နေရာ အနီးမှာ ဆင်များရှင်ဇာတ်ရုံတည်ရှိပြီး လမ်းခရီးသွားလာမှု အဆင်ပြေကြောင်း သိရပါတယ်။ဇူးဇူး