Main menu

Background

သစ်သီးစုံ ဈေးကွက်

Mon, 12/19/2011 - 07:03 -- Anonymous (not verified)

              မန္တလေးသစ်သီးဈေးကွက်မှာ ပန်းသီးများ ဈေးငြိမ်ပြီး အရောင်း သွက်ပါတယ်။ နာနတ်သီးကတော့ ရာသီမဟုတ်တဲ့အတွက် အရောင်း အေး၊ ဈေးအေးနေပါတယ်။ ဖရဲသခွားက အဝင်များတဲ့အတွက် ဈေးချို ပြီး ရာသီအေးလို့ အရောင်းအဝယ်လည်းအေးပါတယ်။ လိမ္မော်သီးက ဈေးကောင်းအရောင်းသွက်နေပြီး လိမ္မော်ဈေးနှုန်းကတော့ မိုးကုတ်သီး ပေါ်မူတည်ပါတယ်။ မိုးကုတ်သီးအဝင်များရင် ဈေးချိုပြီး၊ အဝင်နည်းရင် ဈေးမြင့်ပါတယ်။ လိမ္မော်အချိန် ၁၀၀ ကို ၅၀၀၀၀ ကျပ်၊ ၇၀၀၀၀ ကျပ်၊ ပန်းသီး ကျွတ်တစ်ဖာ ကျပ် ၁၂၀၀၀ ၊ ကျွတ်ရှယ် ကျပ် ၁၈၀၀၀၊ ပန်းသီး တစ်ဖာ ကျပ် ၅၅၀၀ ၊ ၆၅၀၀ ကျပ်၊ ယိုးဒယားပန်းသီးတစ်ဖာ ၂၀၀၀၀ ကျပ်၊ နာနတ်သီးတစ်လုံး ကျပ် ၃၀၀၊ ဖရဲသီးတစ်လုံး ၆၀၀ ကျပ်၊ ၈၀၀ ကျပ်၊ သခွားတစ်လုံး ၅၀၀ ကျပ်၊ ၇၀၀ ကျပ်နဲ့ ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်က သိရပါတယ်။                            မျိုးသီတာ