Main menu

Background

တောင်လှေခါးမြို့ရဲ့ ပန်းပွဲတော်

Mon, 12/19/2011 - 07:05 -- Anonymous (not verified)

            တောင်လှေခါးမြို့တော်၊ ပန်းမြို့တော် ပြင်ဦးလွင် အမျိုးသားကန် တော်ကြီးဥယျာဉ်မှာ ပဉ္စမအကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပန်းပွဲတော်မှာ ပြည်တွင်းပြည်ပသစ်ခွများ ခင်းကျင်းပြသ ထားသလို ပန်းပွဲတော်အတွက် အသုံးပြုထားတဲ့ ပြည်တွင်းပြည်ပပန်းများ၊ ဒေသမျိုးပွား ပန်းများပွင့်ရေ ၂၅၀၀၀၀ အသုံးပြုပြီး၊ အနုပညာလက်ရာ မြောက်စွာဖြင့် ပြသထားပါတယ်။ ယင်းပွဲတော်ကို လာရောက်ကြည့်ရှုသူ များအတွက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ Iron  Cross   တေးဂီတ၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ Medal  Zone  တေးဂီတအဖွဲ့များနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ ပန်းပွဲတော်ကို ယခင်နှစ်များကလို ပြည်တွင်းပြည်ပ သစ်ခွများ ဒေသပန်းမျိုး ၄၀ ကျော်ကို ခင်းကျင်းပြသထားသလို လာရောက်ကြည့်ရှု သူများလည်း စိတ်ဝင်စားမှုရှိပါက ပန်းမျိုးများ ဝယ်ယူနိုင်ရန်အတွက် ခင်းကျင်းပြသရောင်းချနေပါကြောင်း သိရှိရပါတယ်။   ယဉ်ယဉ်အေး