Main menu

Background

Trade Fair ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော် ပုသိမ်မြို့တွင် ကျင်းပပြုလုပ်

Mon, 12/19/2011 - 07:09 -- Anonymous (not verified)

          ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် Trade Fair  ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်း တွင်ဖွင့်လှစ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အစိုးရ အဖွဲ့ဝင်များ၊ တိုင်းအဆင့်အရာရှိများနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ကုန်စည်ပြပွဲနဲ့ အထူးဈေးရောင်းပွဲတော်တွင် ရန်ကုန်မြို့မှ ကုမ္ပဏီနှင့် လုပ်ငန်းရှင် ၅၃ ဦးရဲ့ ကုန်ပစ္စည်းများကို အရောင်း မြှင့်တင်နိုင်ရေးနဲ့ အသစ်ထုတ်လုပ်ထားသော ကုန်ပစ္စည်းအသစ်များကို ဝယ်ယူသုံးစွဲသူများထံအရောက် ပြသရောင်းချနိုင်ရေး အတွက် ပုသိမ်မြို့တွင် ရောင်းချခြင်းမရှိသးသည့် ပစ္စည်းအသစ်များပါဝင်သည့် လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်း  အမျိုးမျိုးနှင့် ရုံးသုံးပစ္စည်းများကို ဆိုင်ခန်းပေါင်း ၉၄ ခန်းဖြင့် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်ထိ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရပါတယ်။                                          မင်းမင်းဦး