Main menu

Background

မန်းသီရိမာလာဈေးကို ဟင်းသီးဟင်းရွက် အဝင်များလို့ ဈေးချိုလာ

Mon, 12/19/2011 - 07:10 -- Anonymous (not verified)

              မန္တလေးမြို့ သီရိမာလာဈေးသို့ မန်လာဥ၊ ဂေါ်ဖီ၊ မုန်ညှင်း၊ ဘိုစားပဲသီး၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးများဟာ ဒီဇင်ဘာလ ပထမပတ်ထက် ပိုမိုဝင်ရောက်လာပါတယ်။ ပန်းပွင့် (ပန်းမုန်လာ)များ ရှမ်းပြည်ဘက်မှသာမက၊ မြင်းခြံ ဘက်မှလည်း ဝင်လာလို့ အခုပတ်မှာ တစ်သိန်းကျော်ဝင်လျက်ရှိတဲ့အတွက် ကျန်ဟင်းသီးဟင်းရွက်များ ဈေးအေးသွား ကြောင်း သိရပါတယ်။ သီရိမာလာဈေးရှိ ပွဲရုံများရဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေကတော့ မုန်လာဥ ၁ တွဲ ၃၀၀ ကျပ်၊ ဂေါ်ဖီ ၁ ထုတ် ၂၀၀ ကျပ်မှ ၃၅၀ ကျပ်အတွင်း၊ မုန်ညှင်း တစ်ပိဿာ ၆၀၀ ကျပ်၊ ပန်းပွင့် (ပန်းမုန်လာ) တစ်ပွင့် ၂၂၀ ကျပ်၊ ခါကြက်ဥ တစ်ပိဿာ ၇၀၀ ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၄၀ ကျပ်၊ ၅၀ ကျပ်ရှိ ကြောင်းသိရပါတယ်။   အေးအေးတင့်