Main menu

Background

ဟင်္သာတမြို့နယ် ဆန်စပါးဈေးကွက် စီးဆင်းမှုသွက်လက်စေလို

Mon, 12/19/2011 - 07:11 -- Anonymous (not verified)

              ဟင်္သာတမြို့နယ်  ဆန်စပါးဈေး ကွက်မှာ သယ်ယူပို့ဆောင်ခမြင့်တက် မှုကြောင့် ယာဉ်အခက်အခဲဖြစ်ပေါ်မှု အပေါ် လယ်ယာထွက်ကုန်ဌာနမှ ခရိုင် အုပ်ချုပ်ရေးမှူးအားတင်ပြခဲ့တဲ့အတွက် ဒီဇင်ဘာလ ၁၂ ရက်က ခရိုင်အုပ်ချုပ် ရေးရုံးခန်းမ၌ လယ်ယာထွက်ကုန်ဌာန၊ ကုန်စည်ဒိုင်ဥက္ကဋ္ဌနဲ့အဖွဲ့၊ ဆောက်လုပ် ရေးဌာန၊ အခွန်ဦးစီးဌာန၊ ကားကြီး အသင်း ဥက္ကဋ္ဌတို့နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ ပါတယ်။ဆွေးနွေးပွဲမှာ ကုန်စည်ဒိုင်ဥက္ကဋ္ဌက ဧည့်မထ ၂၅ မှတ်၊ ဆန်တစ်အိတ် ၁၁၀၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်သို့လည်း ကောင်း၊ ၄၆ ပေါင်ကိုက် ဧည့်မထစပါး တင်း ၁၀၀ ကို ကျပ် ၃ သိန်းမှ ကျပ် ၂ ဒသမ ၉ သိန်းသို့လည်းကောင်း ဈေး အေးလာကြောင်း၊ ရန်ကုန်ကို ဆန်တင် ပို့ရာမှာလည်း အာဆီယံစံနှုန်းနဲ့ ကိုက် ညီအောင် ကုန်ချိန်လျှော့တင်ရလို့ တန် ဆာခမှာ ဆန်တစ်အိတ် ၇၅၀ ကျပ်မှ ၉၀၀ ကျပ်ထိ မြင့်တက်လာကြောင်း ကုန်ချရာမှာလည်း  ဝယ်လက်ပေါ်မူ တည်ပြီး ကားများ ၂ ညအိပ် ၃ ညအိပ် စောင့်ရတာကြောင့် ကားအခေါက်ရေ မရဘဲ ကုန်စီးဆင်းမှု ခက်ခဲလာကြောင်း ရန်ကုန်မှာ ဆန်ဝယ်လိုအား နည်းခြင်း ကြောင့် တောင်သူများ  ဆန်ရောင်းပြီး ငွေ ပြန်ပေါ်မှုနှေးကွေးလို့ စပါးဈေးပါ အေးလာကြောင်း  တင်ပြချက်အပေါ် ခရိုင်အုပ်ချုပ်ရေးမှူးမှ ပေါင်းစပ်ညှိနှိုင်း ပေးရာ ဧရာဟင်္သာကုမ္ပဏီမှ ဆန်ကုန် သည်များနဲ့ ချိတ်ဆက်ရောင်းဝယ်စေ ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရ ပါတယ်။                  ကျော်ဌေး