ဒီဇင်ဘာ ၁၂ ရက်ကစပြီး တက္ကစီခများစတင်ပြင် ဆင်ပြီးတဲ့ နောက် Confort DelGro တက္ကစီဒရိုင်ဘာ များအတွက် ခရီးသည်ကျဆင်းလာတာကို တွေ့ရပါတယ်။ ကားခပြောင်းလဲမှုတွေထဲမှာ အသွားအလာများချိန်ကို မနက် ၆ နာရီမှ မနက် ၉ နာရီခွဲအထိ တိုးမြှင့်ပေးတာ လည်းပါဝင်ပါတယ်။ ယခင်က အပိုကြေးကို မနက် ၇ နာရီကနေ စတင်ယူခဲ့တာဖြစ်ပါတယ်။ အချိန်တိုးပေးလိုက် တဲ့ ကာလအတွင်းမှာ ခရီးသည်ဦးရေက ၃၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့တယ်လို့ မနက်ပိုင်းတက္ကစီသမားတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် အရေအတွက်ကျဆင်းတာက တက္ကစီကြေးတက်လို့ ဖြစ် တယ်လို့တော့ အတိအကျပြောလို့ မရပါဘူးလို့ပြောကြ ပါတယ်။ ဇန်နဝါရီလမှာ ဖောက်သည်တွေ အလုပ်ခွင် ပြန် ဝင်မှာဖြစ်တဲ့အတွက် ခရီးသည်အသွားအလာရဲ့ အလား အလာက ဇန်နဝါရီလောက်မှာ အထိုင်ကျသွားမယ် လို့ ခန့်မှန်း ထားပါတယ်။ အသွားအလာများတဲ့အချိန်မှာ ဗဟိုစီးပွားရေးအချက်အချာနေရာကို Comfort DelGro တက္ကစီနဲ့သွားတဲ့သူတွေအဖို့ကတော့ တက္ကစီက အတက် နည်းတယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်ခဲ့ရတာကလည်း အသစ် သတ်မှတ်လိုက်တဲ့ နှုန်းထားအရ မီတာခက ယခင်ဆင့် ၂၀ ကနေ ယခု ၂၂ ဆင့်ထိတက်ခဲ့လို့ဖြစ်ပါ တယ်။ ဒါပေမဲ့ ခရီးဝေး သွားမှသာ တက်ပါတယ်။ ဒါကြောင့်ခရီးရှည်သွား တဲ့ လူတွေအတွက် ပိုထိပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာ အသွားအလာများချိန် မီတာခ ဈေးနှုန်းတွေကို ၃၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း ထိ လျှော့ချထားပါတယ်။ Source:CNA.com
Background
