Main menu

Background

တောင်ကိုရီးယားမှာ လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်

Mon, 12/19/2011 - 07:15 -- Anonymous (not verified)

    တောင်ကိုရီးယားနိုင်ငံရဲ့ တစ်နိုင်ငံလုံး အလုပ်လက်မဲ့အခြေအနေက နိုဝင်ဘာလ မှာ သုံးနှစ်အတွင်း အနည်း ဆုံးနှုန်းနဲ့ ဆက်လက်တည်ရှိနေပေမဲ့ လူငယ်အလုပ်လက်မဲ့ နှုန်းကသုညဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကိုရီး ယားစာရင်းဇယား (Statistics Korea) ရဲ့ ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ အသက် ၁၅ နှစ်မှ ၂၉ နှစ်အတွင်း နိုဝင်ဘာအလုပ်လက်မဲ့ နှုန်းက တစ်လကို သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ နိုဝင်ဘာအတွင်း အလုပ်သစ်ရှာဖွေနေတဲ့ အသက် ၂၀ ဝန်းကျင် ဘွဲ့ရလူငယ်အရေအတွက်က လွန်ခဲ့တဲ့ နှစ်က ဦးရေထက် ၄၀၀၀၀ လျော့နည်းပြီး ၃၅၃၅၀၀၀ ရှိခဲ့ပါတယ်။ အသက် ၃၀ကျော် သူတွေရဲ့ အရေအတွက်က ယခင်နှစ်ကထက် ၅၇၀၀၀ ဦးကျဆင်းပြီး ၅၈၁၇၀၀၀ ဦးရှိခဲ့ပါတယ်။    စီနီယာအလုပ်သမားတွေက သူတို့လုပ်ငန်းတွေကို ဆက်လက်ထိန်းသိမ်းထားတဲ့ အတွက် ဘွဲ့ရတွေရနိုင်တဲ့အလုပ်တွေနည်းနေတယ်လို့ အေဂျင်စီရဲ့ ဈေးနှုန်းဆိုင်ရာ စာရင်းအင်း ပညာရှင် ဆောင်းဆီဟောင်ဟွန်းက ပြောပါတယ်။ လူငယ်လူရွယ် အရေ အတွက် လူဦးရေတစ်ခုလုံးရဲ့ အချိုးအစားနဲ့ကြည့်ရင်ကျဆင်းနေပေမဲ့ အလုပ်အကိုင် ဖန်တီးနှုန်းက လူငယ်ဦးရေ တိုးတက်နှုန်းထက် ကျဆင်းနေတယ်လို့ ဆိုပါတယ်။    အလုပ်အကိုင်ဈေးကွက်ကြီး တစ်ခုလုံး တည်ငြိမ်နေတဲ့ အချိန်မျိုးမှာတောင် သက်ကြီးပိုင်းအလုပ်သမား  အင်အားစုတွေက ဈေးကွက်ထဲမှာ ဆက်လက်ရှိနေတဲ့ အတွက် ဘွဲ့ရတွေအတွက် အလုပ်သမားဈေးကွက်က တင်းကျပ်နေပါတယ်။ယခင်နှစ် ကထက် အလုပ်အကိုင်သစ် ၄၇၉၀၀၀ ပိုမိုဖန်တီးပေးပြီးနောက်ပိုင်း နိုဝင်ဘာမှာ အလုပ်လက်မဲ့နှုန်းက မပြောင်းမလဲ ရှိနေပြီး ၃ ဒသမ ၁ ရာခိုင်နှုန်းရှိနေပါတယ်။သုံးနှစ်အတွင်းမှာ အနိမ့်ဆုံးနှုန်းဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အလုပ်အကိုင် ရရှိတာက ယခင်နှစ်ရဲ့အောက် ၂ ဒသမ ၁ ရာခိုင်နှုန်းကျပါတယ်။ ကိုယ်ပိုင် အလုပ် လုပ်သူနဲ့ အစိုးရလုပ်ငန်းခွင်ဝင်သူက ၃ ဒသမ ၁ ရာခိုင်နှုန်းပိုမိုခဲ့တယ်လို့ အေဂျင်စီက ပြောပါတယ်။                                                       Source:Koreaherald.com