Main menu

Background

နိုင်ငံခြား ဈေးကွက်များကြောင့် ဂျပန်တီဗွီထုတ်လုပ်သူတို့ သက်သာရာရ

Mon, 12/19/2011 - 07:17 -- Anonymous (not verified)

    လွန်ခဲ့သည့်နှစ်က အစိုးရရဲ့ထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနဲ့ ဒစ်ဂျစ်တယ်ထုတ်လွှင့်မှုတွေကို ဇူလိုင် လက အပြီးသတ်ဆောင်ရွက်နိုင်ခြင်း စတာတွေကြောင့် ဂျပန်နိုင်ငံရဲ့ ပြည်တွင်းတီဗွီဈေးကွက်များကျဆင်းခဲ့ပါ တယ်။ ဒါကြောင့် ဂျပန်တီဗွီထုတ်လုပ်သူတွေက ပြည်ပ ဈေးကွက်တွေကို အာရုံစိုက်လာပါတယ်။ ဂျပန်နိုင်ငံမှာ အခြေအနေကအလွန်အမင်းခက်ခဲနေပါတယ်လို့ တိုရှီဘာ တီဗွီကဏ္ဍကို တာဝန်ယူနေတဲ့ ဒုတိယဥက္ကဋ္ဌ မာဆာကီ အိုဆုမီက ပြောပါတယ်။ ဒါပေမဲ့ တခြားအာရှဈေးကွက် တွေမှာတော့ ယခင်နှစ်ကနဲ့နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်း တိုးတက်တယ်လို့ ပြောပါတယ်။    အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းရှိ ထွန်းသစ်စနယ်မြေတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ဖို့ တိုရှီဘာက ဆောင်ရွက်နေပါတယ်။အီဂျစ်နဲ့အိန္ဒိယ မှာ ပြည်တွင်းထုတ်လုပ်မှုတွေ လုပ်ဆောင်ဖို့ စတင်ဆောင် ရွက်နေပါတယ်။ထို့ပြင်အီတလီ၊အာဂျင်တီးနား၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေမှာ ယခုနှစ်အတွင်း အရောင်းကုမ္ပဏီတွေ ဖွဲ့စည်းထူထောင်ထားပါတယ်။ ဒေသတွင်း လိုအပ်ချက်နဲ့ ကွက်တိဝင်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် အိန္ဒိယ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားမှာ သုတေသနနဲ့ ဖွံ့ဖြိုး ရေးစင်တာတွေ ဖွင့်လှစ်ထားပါတယ်။  ဥပမာအားဖြင့် ဓာတ်အားပြတ်တောက်ချိန်မှာ ဆက်ကြည့်နိုင်ဖို့ အတွက် အားပြန်သွင်းလို့ရတဲ့ ဘက်ထရီပါတဲ့ တီဗွီတွေကို ရောင်းချ ပေးနေပါတယ်။    ရှပ်ကော်ပိုရေးရှင်းကလည်း အမေရိကန်ပြည်ထောင် စုကို တီဗွီအကြီးစားတွေကို တင်ပို့ပေးနေပါတယ်။ ယခု နှစ်မှာလက်မ ၇၀ နဲ့ ၈၀ရှိတဲ့ တီဗွီတွေကိုကုမ္ပဏီက စတင် ထုတ်လုပ်ပါတယ်။ှSource.ajw.asahi.com