ကုန်ကြမ်းပစ္စည်းအတွက် ကုန်ကျစရိတ်မြင့်တက်နေ တာနဲ့ အမှာစာကျဆင်းတာတွေကြောင့် လက်ရှိဘဏ္ဍာ ရေးနှစ်ရဲ့ တတိယသုံးလပတ်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့ တိုးတက်မှုကို ထိခိုက်နိုင်မယ်လို့ အိန္ဒိယကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ စစ်တမ်းမှာ ဒီဇင် ဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။ စစ်တမ်းမှာ ကုမ္ပဏီ ၃၈၄ ခုပါဝင်ခဲ့တဲ့အနက် ၂၀၁၁ - ၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်ရဲ့ အောက်တိုဘာ- ဒီဇင်ဘာ သုံးလပတ်မှာ ယခင်ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် တိုး တက်မှု အနည်းငယ်သာရှိမယ်လို့ ပြောကြားသူ ၈၇ ရာခိုင် နှုန်းရှိပါတယ်။ တတိယသုံးလပတ်မှာ ကုန်ထုတ်လုပ်ရေး ကဏ္ဍအတွက် ဝယ်လိုအားအခြေအနေတွေက ပိုမိုဆိုးဝါး လာခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ လာမယ့် သုံးလအတွင်းမှာ လုပ်သားအင်အားတိုးမြှင့်သွားဖို့ အစီ အစဉ်မရှိသေးဘူးလို့ စစ်တမ်းမှာ ပါဝင်သူ ၆၅ ရာခိုင်နှုန်း ကျော်ကဖြေပါတယ်။အထည်ချုပ်လုပ်ငန်း၊ အီလက်ထရွန်း နစ်နဲ့ လျှပ်စစ်လူသုံးကုန်များလို့ ကဏ္ဍတွေမှာ အထူးသဖြင့် စွမ်းဆောင်ရည်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ စွမ်း ဆောင်ရည်ကို ထပ်မံတိုးမြှင့်ဖို့ ဆောင်ရွက်ထား တယ်လို့ ပြောတဲ့ကုမ္ပဏီက ၃၂ ရာခိုင်နှုန်းရှိပါတယ်။ တတိယ သုံးလပတ်အတွင်းမှာ ကုန်ထုတ်လုပ်မှုပို့ကုန်တွေ အနည်း ငယ်သာတိုးတက်လာမယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါ တယ်။ ပို့ကုန်ကျဆင်းမဲ့ ကဏ္ဍတွေထဲမှာ ဘိလပ်မြေ၊ သံမဏိ၊ အထည်ချုပ်၊ ဓာတုပစ္စည်း၊ မတည်ရင်းနှီးမှု ကုန် ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်ပါတယ်။Source:hindustantimes.com
Background
