Main menu

Background

ယန်းတန်ဖိုး မြင့်တက်မှုကြောင့် ထုတ်လုပ်ရေး လုပ်ငန်းများကဈေးကွက်ကို ယုံကြည်မှုယိုယွင်း

Mon, 12/19/2011 - 07:23 -- Anonymous (not verified)

    လွန်ခဲ့တဲ့ သုံးလကစပြီး ယန်းငွေ တန်ဖိုးမြင့်တက်မှု၊ ထိုင်းနိုင်ငံမှာ ရေကြီးမှုနဲ့ ဥရောပအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးအလား အလာများမရေရာမှုတို့ကြောင့်ဂျပန်ကုမ္ပဏီကြီးတွေက စီးပွားရေးအပေါ် ယုံကြည်မှုကို ယိုယွင်းပျက်ပြားစေတယ်လို့ ဒီဇင်ဘာ၁၅ရက်က ထုတ်ပြန် တဲ့ ဂျပန်ဗဟိုဘဏ်စာရင်းဇယားတွေမှာ တွေ့ရပါတယ်။ ဂျပန်ဗဟိုဘဏ် ရဲ့ တန်ပြန်လေ့လာချက်စစ်တမ်းအရ ကားထုတ်လုပ်သူနဲ့ နည်းပညာ ထုတ်လုပ်သူတွေလို  လုပ်ငန်းကြီးတွေက သုံးလပတ်နှစ်ခုအတွင်းမှာ  စီးပွားရေးဖွံ့ဖြိုးမှုက စက်တင်ဘာမှာ (+) ၂ရာခိုင်နှုန်းရှိခဲ့ရာမှ ဒီဇင်ဘာမှာ (-) ၄ ရာခိုင်နှုန်းထိကျဆင်းခဲ့ပါတယ်။      Source.Mainichi Japan