Main menu

Background

မြန်မာ့ကုန်သွယ်ဘက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Mon, 12/19/2011 - 07:28 -- Anonymous (not verified)

    အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ခံစားခွင့်တောင်းဆိုမှုက ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအ ဆင့်သို့ ကျဆင်းခဲ့တာကို အမေရိကန် အစိုးရအစီရင်ခံစာတွင်တွေ့မြင်ရပြီး ပို့ ကုန်တွေရဲ့အလားအလာကလည်း ပြန် လည်မြင့်တက်လာပြီး နောက်ပိုင်း အာရှငွေကြေးများ ပြန်လည်မြင့်တက် လာပါတယ်။ယခင်က ဖြစ်ပေါ်ခဲ့တဲ့ သီတင်းပတ်အလိုက် တန်ဖိုးကျဆင်း တာတွေလည်းရပ်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အလုပ် လက်မဲ့ ခံစားခွင့်ပေးခဲ့တဲ့ လျှောက်လွှာ ကဒီဇင်ဘာ ၁၀ ရက်မှကုန်ဆုံးတဲ့ သီတင်းပတ်မှာ  ၃၆၆၀၀၀  ရှိခဲ့ရာ ဘလွမ်းဘတ်သတင်းဌာနက စစ်တမ်း ကောက်ယူချက်အရ ခန့်မှန်းချက် အောက်ကိုကျဆင်းခဲ့ပါတယ်။တရုတ်ယွမ်    ချေးငွေ  ထိန်းချုပ်တာတွေကို လျှော့ချပေးမဲ့ လက္ခဏာတွေကြောင့် တရုတ်နိုင်ငံရဲ့စီးပွားရေး အကြီးအ ကျယ် နှေးကွေးမှာကို မူဝါဒရေးဆွဲသူ တို့က ရှောင်ကြဉ်လိမ့်မယ်ဆိုတဲ့ အကောင်းမြင်မှုကို ပိုမိုမြင့်တက်လာစေ ပါတယ်။ဒါကြောင့် ယွမ်ငွေကြေးတန်ဖိုး က နှစ်လအတွင်း အမြင့်ဆုံးကိုရောက် ခဲ့ပါတယ်။တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းမှာဒေါ်လာတန် ဖိုးကို သုညဒသမ ၁ ရာခိုင်နှုန်းမြှင့်တင် ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၃၅၂ ယွမ်နှုန်း သတ်မှတ်ခဲ့ပါတယ်။အိန္ဒိယရူပီး    အိန္ဒိယရူပီး ငွေကြေးနဲ့ တန်ဖိုးကျ ဆင်းတာကို ထိန်းချုပ်ဖို့အတွက် ငွေလွှဲ ပို့ရောင်းဝယ်တာကို အိန္ဒိယဗဟိုဘဏ် ကကန့်သတ်ချက်ထုတ်ပြီးနောက် ဒီဇင် ဘာ ၁၆ ရက်က ဈေးကွက်ဖွင့်ချိန်မှာ အိန္ဒိယရူပီးတန်ဖိုးက သုညဒသမ ၇၄ ရူပီးကျဆင်းပြီး တစ်ဒေါ်လာကို ၅၂ ဒသမ ၉၀ ရူပီးရှိခဲ့ပါတယ်။ဒီဇင်ဘာ ၁၅ ရက်ကတော့ ရူပီးတန်ဖိုးက ဈေးမ ငြိမ်တဲ့အတွက် ၈၄ ဒသမ ၃၀ ရူပီးနှုန်း ထိစံချိန်တင် တန်ဖိုးကျဆင်းခဲ့ပြီး သုည ဒသမ ၀၇ ရူပီးနှုန်းပြန်လည် မြင့်တက် ခဲ့ပြီးတစ်ဒေါ်လာကို ၅၃ ဒသမ ၆၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ဂျပန်ယန်း    တိုကျိုမှာ ဒေါ်လာတန်ဖိုးက ဒီဇင်ဘာ ၁၆ ရက်မှာ တစ်ဒေါ်လာကို ၇၇ ဒေါ်လာတန်းအထက်မှာ ရှိနေပြီး ယူရိုတန်ဖိုးက မကြာမီကကျဆင်းခဲ့ပေ မဲ့ ထေမိသွားပြီး ဒေါ်လာနဲ့ယူရိုတို့နဲ့ ဖလှယ်ရာမှာ ပြန်လည်ဦးမော့လာပါ တယ်။    ယန်းတန်ဖိုးဟာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီက နယူးယောက်  မှာ ၇၇ ဒသမ  ၈၁ ယန်းနဲ့ တိုကျိုမှာ  တစ်ဒေါ်လာ ၇၇ ဒသမ ၉၃ ယန်းမှ ဒီဇင်ဘာ ၁၆ ရက် ညနေ ၅နာရီမှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၈၈ ယန်း နှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    ဥရောပကြွေးမြီ အကျပ်အတည်း ကထွန်းသစ်စဈေးကွက်တွေရဲ့ အက် ဆက်တွေရဲ့ ဝယ်လိုအားကို ပိုမိုဆိုးလာ မှာကိုစိုးရိမ်မှုကြောင့် မလေးရှားရင်းဂစ် တန်ဖိုးက  ဒုတိယသီတင်းပတ်အဖြစ် ဆက်လက်ကျဆင်းခဲ့ပါတယ်။    အရှေ့တောင်အာရှမှာ စီးပွားရေး  တတိယနေရာရှိနေတဲ့ မလေးရှားရဲ့ အောက်တိုဘာပို့ကုန်က ယခင်နှစ်က ထက် ၁၅ ဒသမ ၈ ရာခိုင်နှုန်းတိုးတက် ခဲ့ပါတယ်။စက်တင်ဘာကရှိခဲ့တဲ့ ၁၆ ဒသမ ၆ ရာခိုင်နှုန်းနှိုင်းယှဉ်ရင်တော့ နည်းနေပါတယ်။    ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၁၅ ရက်မနက် ၉ နာရီ၆ မိနစ်က ရင်းဂစ် တန်ဖိုးက သီတင်းပတ်အတွင်း ကျဆင်း မှု သုညဒသမ ၉ ရာခိုင်နှုန်းရှိပြီး တစ်ဒေါ်လာကို ၃ ဒသမ ၁၇၈၅ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ခံစားခွင့်တောင်းတဲ့ အရေအတွက်က ၂၀၀၈ ခုနှစ် နောက် ပိုင်းအနိမ့်ဆုံးကို ရောက်ခဲ့လို့ အမေရိ ကန်ကိုတင်ပို့မဲ့ပို့ကုန်အလားအလာတွေ တောက်ပြောင်လာတာ တွေ့ရပါတယ်။    ဘလွမ်းဘတ်   စစ်တမ်းအရ ဆိုးလ်မြို့မှာတောင်ကိုရီးယားဝမ်တန်ဖိုး က သုညဒသမ ၄ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၁၁၅၈ ဒသမ ၇၃ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ်    ဥရောပကြွေးမြီ အကျပ်အတည်း က ထွန်းသစ်စနိုင်ငံတွေရဲ့အ က်ဆက် တွေဝယ်လိုအား ကျဆင်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ထိုင်းဘတ်ငွေတန်ဖိုးက ဒုတိယသီတင်းပတ်အဖြစ်တန်ဖိုးကျနေ တာကို ဆက်လက်တည်တံ့  နေစေပါ တယ်။    ဘတ်ငွေတန်ဖိုးက ဗန်ကောက်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီ ၁၃ မိနစ်က သီတင်းပတ်အတွင်းမြင့်တက်မှု ၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တစ်ဒေါ် လာကို၃၁ဒသမ၃၅ဘတ်နှုန်းရှိခဲ့ပါတယ်။ources :bloomberg.com; thehindu.com; Mainichi Japan, btimes.com.my