ဗီယက်နမ် မဲခေါင်ဒေသမှာ တတိယသီးထပ်စပါးအမြောက်အမြားထွက်ရှိ
မမျှော်လင့်တဲ့ ရေလွှမ်းမိုးမှုဖြစ်ခဲ့တိုင် ဗီယက်နမ်နိုင်ငံ မဲခေါင်ဒေသမှာ ယခုနှစ်ရဲ့ တတိယသီးထပ်ဖြစ်တဲ့ ဆောင်း ဦး-ဆောင်းစပါး ရိတ်သိမ်းမှုပြီးစီးပြီဖြစ်ပြီး၊ အမြောက်အမြား ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ မဲခေါင်ဒေသ တတိယသီးထပ် စပါးထုတ်လုပ်မှုကို စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စိုက်ပျိုးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Pham Van Du က အန်ဂိုင်းပြည်နယ်မှာ ယခုတစ်ပတ်အစောပိုင်းက ကျင်းပပြုလုပ်တဲ့ စိုက်ပျိုးရေးဆိုင် ရာကဏ္ဍ ညီလာခံတစ်ခုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးမှုဧရိယာက ယခင်နှစ်က ဟက်တာ ၅၁၁၅၀၀ ရှိခဲ့ပြီး၊ ယခုနှစ်ရည်မှန်း ဟက်တာ ၆၀၂၄၀၀ ရှိခဲ့ရာမှ ဟက်တာ ၆၇၁၇၀၀ ထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပျမ်းမျှအထွက် နှုန်းမှာ ယခင်နှစ်ထက် သုည ဒသမ ၂၈ တန် ပိုမိုပြီး၊ တစ် ဟက်တာ ၄ ဒသမ ၉၂ တန်နှုန်းနဲ့ စုစုပေါင်း တန်ချိန် ၃ ဒသမ ၃ သန်းထွက်ရှိခဲ့လို့ ယခင်နှစ် ထက် တန်ချိန် ၉၃၀၀၀၀ ပိုမိုခဲ့ပါတယ်။ ဒေသစိုက်ပျိုးရေးဌာနရဲ့ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ပြောကြားချက်အရ စုစုပေါင်း လယ်မြေရဲ့ ၁ ဒသမ ၃၁ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာ ၈၄၇၀ မှာ ရေလွှမ်းမိုးမှု ကြောင့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲဒီညီလာခံမှာ စိုက်ပျိုး ရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး Bui Ba Bong ကလည်း အကြီးစားနမူနာစံပြ စိုက်ခင်းများနဲ့ ပတ် သက်လို့လည်း ပြောကြားခဲ့ပါတယ်။ စံပြစပါးခင်းရဲ့ စုစု ပေါင်း စိုက်ဧရိယာဟာ ယခုနှစ် နွေစပါးရာသီမှာ ဟက်တာ ၇၈၀၀ စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ မဲခေါင်ဒေသ ၁၃ ပြည်နယ်ထဲက ပြည်နယ် ၁၂ ခုမှာ အကြီးစားစံပြစပါးစိုက်ခင်း မော်ဒယ်များလုပ်ကိုင် လျက်ရှိပြီး၊ နွေစပါးစိုက်ပျိုးမှုမှ တစ်ဟက်တာကို ဒေါင် ၇ - ၇ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃၃၃-၃၅၇)နဲ့ အကျိုးအမြတ် ကြီးမား စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ယင်းနမူနာစံပြစိုက်ခင်းများ ရည်ရွယ်ဆောင်ရွက်ရခြင်းက အစိုးရ၊ တောင်သူများ၊ လုပ်ငန်း ရှင်များနဲ့ သိပ္ပံပညာရှင်များအကြားချိတ်ဆက်မှုမှ စပါးထုတ် လုပ်မှုဇုန် ဖွံ့ဖြိုးဖို့ စိုက်ဧရိယာများမှာ ခေတ်မီ နည်းပညာများ လုံလောက်စွာ အသုံးချဖို့ဖြစ်ကြောင်း သိရပါတယ်။လဝန်းSource: The Saigon Times Daily
