ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန် ထိုင်းနှင့် ဗီယက်နမ် ဆန်ဈေးအပြိုင်အဆိုင် လျှော့ချ

    ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်တင်ပို့မှုအများဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေကြတဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ ဆန်ဈေးနှုန်း တွေက အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေရဲ့ ဈေးနှုန်းနဲ့ ယှဉ်ရင် တစ်တန်ကို ဒေါ်လာ ၁၀၀ကျော် ဈေးမြင့်နေမှုကြောင့် ပြည်ပမှ ဝယ်လိုအားလျော့ကျလာခဲ့တယ်။      ဒါကြောင့်ဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဗီယက်နမ်က ဒီဇင်ဘာ ၁၂ ရက်မှာ ဆန်တစ်တန်ကို ၁၅ ဒေါ်လာမှ ၃၀ ဒေါ်လာအထိ ဈေးလျှော့ချပေးခဲ့တဲ့အပြင် ဒီဇင်ဘာ ၁၅ ရက်မှာလည်း တစ်တန်ကို ၁၀ဒေါ်လာမှ၂၅ ဒေါ်လာအထိ ဈေးနှုန်း ထပ်မံလျှော့ချပေးခဲ့တယ်။ ဗီယက်နမ်ဆန်ဈေးချလိုက်ရာ ထိုင်းနိုင်ငံကလည်း ဒီဇင်ဘာ ၁၅ ရက်မှစပြီး ဆန်တစ်တန်ကို ၂၀ ဒေါ်လာမှ ၃၅ ဒေါ်လာအထိ ဈေးချ ပေးလိုက်တယ်။    ဈေးနှုန်းတွေလျှော့ချပေးလိုက်သော်လည်း ထိုင်းဆန်ဖြူ ၂၅ ရာခိုင်နှုန်းက အမျိုးအစားတူ ဗီယက်နမ် ဆန်ထက် ၇၅ ဒေါ်လာ ဈေးမြင့်နေဆဲဖြစ်သလို အမျိုးအစားတူ အိန္ဒိယဆန်ထက် ၁၅၅ ဒေါ်လာ ဈေးမြင့်ဆဲဖြစ်တယ်။ ဗီယက်နမ်ဆန်ဖြူ ၂၅ ရာခိုင်နှုန်းမှာတော့ ယခင်ကအိန္ဒိယဆန်ထက် တစ်တန်ကို  ၁၁၀ ဒေါ်လာဈေးမြင့်သော်လည်း ယခုအခါ ၇၀ ဒေါ်လာသာ ဈေးမြင့်လျက်ရှိတာကို သုံးသပ်တွေ့ရှိရတယ်။ ၂၀၁၂ ခုနှစ်မှာလည်း ဗီယက်နမ်ဆန်ထွက်နှုန်း စံချိန်တင်တိုးတက်မယ် ခန့်မှန်း ခြင်းက ဗီယက်နမ်ဆန်ဈေးနှုန်းကို ဖိအားပေးလျက်ရှိတယ်။                ပပ၊Source:riceonline.com, oryza.com