ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခင်တစ်ပတ်က တန် ၄၀၀၀ ခန့်သာရှိခဲ့ရာမှ ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ တစ်ပတ်အတွင်း တင်ပို့မှုက တော့ တန်ချိန် ၈၂၀၀ ကျော်ထိ ပိုတင်လာခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့မှု စုစုပေါင်း တန်ချိန် ၄၈၀၀၀၀ ခန့်ရှိနေပြီး ဖြစ်ပြီးဝင်ငွေအားဖြင့် ကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရရှိကြောင်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၃၃၇၀၀၀ ကျော်တင် ပို့ခြင်းမှ ကန်ဒေါ်လာ ၃၄၆ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ ပမာဏအားဖြင့် တန်ချိန် တစ်သိန်းခွဲနီးပါးပိုတင်ပို့နိုင်ပေမဲ့ ဝင်ငွေအနေနဲ့တော့ ကန်ဒေါ်လာ သန်း ၅၀ ကျော်သာပိုမိုရရှိထားကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။ လတ် တလောအရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်မှာ မတ်ပဲတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ သိရပါတယ်။MIRT(MAPT)
Background