Main menu

Background

၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ ဗဟိုဘဏ်အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်မည်

Mon, 12/26/2011 - 07:07 -- Anonymous (not verified)

         ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတွန်းအားပေးရန်နှင့် နိုင်ငံတော်၏စီးပွားရေးအရှိန်မြှင့် တင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ဗဟိုဘဏ် အတိုးနှုန်းကို ၁၂ရာခိုင်နှုန်းမှ ၁၀ရာခိုင် နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း၊ ထိုသို့ လျှော့ချလိုက်သည့်အတွက် ဘဏ်များမှ အပ်ငွေများအပေါ် ပေးရ သည့် အတိုးနှုန်းကိုလည်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ ဗဟိုဘဏ် အတိုး နှုန်းအောက် ၂ ရာခိုင်နှုန်းဖြစ်သည့် ၈ ရာခိုင်နှုန်းထက် မနည်းစေရန်နှင့် ချေးငွေ များနှင့် စာရင်းပို ထုတ်ငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်း ကိုလည်း ဗဟိုဘဏ်  အတိုးနှုန်းထက် ၃ ရာခိုင်နှုန်းဖြစ်သည့်  ၁၃ ရာခိုင်နှုန်း ထက် မကျော်လွန်စေရန် ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး နှင့်အခွန်ဝန် ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းမှ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပသည့် ဘဏ်များ ကြီး ကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဘဏ်များအသင်း အမှုဆောင်အဖွဲ့၏ (၁၃၅) ကြိမ်မြောက် အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဘဏ်များ၏ အပ်ငွေအပေါ် ပေးသည့် အတိုးနှုန်းနှင့် ချေးငွေအပေါ် ကောက်ခံသည့်အတိုးနှုန်းများကို အသီးသီးလျှော့ချမည်ဖြစ်သည့်အတွက် အစိုးရ ငွေတိုက်စာချုပ်များအပေါ် အတိုးနှုန်းအား သက်တမ်းနှစ်နှစ်အတွက် ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ သက်တမ်းသုံးနှစ်အတွက် ၉ ဒသမ ၀၀ ရာခိုင်နှုန်းနှင့် သက်တမ်း ငါးနှစ် အတွက် ၉ ဒသမ ၅၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁-၉-၂၀၁၁ ရက်မှစ၍ အတိုးနှုန်းများ ကို ပြင်ဆင်လျှော့ချ သတ်မှတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်းသည် အနည်းငယ် တုံ့ဆိုင်းလျက်ရှိကြောင်း သိရသည်။ထိုကဲ့သို့ဖြစ်ရသည်မှာ ငွေကြေး ပမာဏ(Money Supply)မှာ လစဉ်တိုး တက်လျက်ရှိသော်လည်းဘဏ်များတွင် အပ်ငွေပမာဏ များပြားနေခြင်းကြောင့် ဖြစ်ရကြောင်း ပြည်ထောင်စုဝန်ကြီးက အဆိုပါအစည်းအဝေးတွင်ပြောကြားခဲ့ ခြင်းဖြစ်သည်။                                             မယ်သီတာ