ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်အထိ အရောင်းအဝယ်သွက်ခဲ့ရာမှ ယခု တစ်ပတ် (ဒီဇင်ဘာလ ၁၆-၂၂ ရက်) အတွင်းမှာတော့ အရောင်းအဝယ်ပြန်လည် လျော့ကျခဲ့ရာတန်ချိန် ၄၃၀၀ ကျော်သာအရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲစင်းငုံအသစ်ပေါ်နေပြီဖြစ်လို့ ဝယ်ယူမှု အား မပါသလို ရူပီးတန်ဖိုး ကျဆင်းမှုကြီးမားခြင်းကလည်း တင်သွင်းမှုကို လျော့ကျစေပါ တယ်။ မြန်မာနိုင်ငံပဲဈေးအနေနဲ့ လက်ရှိပို့ကုန်ဝင်ငွေဒေါ်လာဈေးနဲ့ တွက်ချက်မယ်ဆို ရင် ယခင်နှစ် အရောင်းအဝယ်ဖြစ်တဲ့ဈေးနဲ့ ကွာခြားမှုသိပ်မရှိဘူးလို့ ဆိုပါတယ်။ လတ်တလောမှာ ပြည်တွင်းပဲစင်းငုံ အနည်းအကျဉ်း ဝင်ရောက်မှုရှိပြီး ယခင် စာချုပ်ဟောင်းများ ဖြည့်တင်းဖို့ ဝယ်ယူတဲ့ ကုန်သည်ကြီး တချို့ကလည်း လိုအပ်တဲ့ ပမာဏအနည်းငယ် ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့လာပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂၃-၁၂-၁၁ ၅၄၀-၅၆၀ ၄၄၀-၄၆၀ ၅၃၀-၅၅၀၁၆-၁၂-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀MIRT(MAPT)
Background