ပဲလွန်းဖြူသစ်များ ဈေးကွက်ဝင် ရောက်မှု နည်းနေသေးတာကြောင့် ပြည်ပ တင်ပို့မှုနဲ့ အရောင်းအဝယ် တွေကို ပဲအဟောင်းအနည်းငယ်စီသာ ရောင်းဝယ်တင်ပို့မှုရှိနေသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာ ၁၂-၁၆ရက်) မှာ ပဲလွန်းဖြူ တန်ချိန် ၁၇၀ ပြည်ပတင်ပို့နိုင်လို့ ယခင်သီတင်း ပတ် တင်ပို့တဲ့ တန်ချိန် ၁၃၀ ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာတော့တောင်ကိုရီးယား ကို အဓိကထား တင်ပို့ပြီး စင်ကာပူကို အနည်းငယ်သာ တင်ပို့ခဲ့ကြောင်း သက် ဆိုင်ရာ ဌာနစာရင်းအရ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ တော့ ဒီဇင်ဘာလ ၂၂ ရက်မှာသာ တန်ချိန် ၁၂၀ နဲ့ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒီဇင်ဘာ ၁ ရက်မှ ၂၂ ရက် အတွင်းပဲလွန်းဖြူအရောင်းအဝယ် စာ ချုပ်ဖြစ်မှုမှာ တန်ချိန် ၃၀၀ ခန့်သာ ရှိ ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ တည်ငြိမ်နေပြီး ဒီဇင်ဘာလ ၂၃ ရက်မှာလည်း ၤဗျှ တစ်တန် ကန် ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background