Main menu

Background

ပဲတီစိမ်းတင်ပို့မှု တန် ၂၀၀၀ ကျော်နဲ့ ပုံမှန်သာရှိနေ

Mon, 12/26/2011 - 07:14 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ အပတ်စဉ် တန် ၂၀၀၀ ဝန်းကျင်ဖြင့် တင်ပို့နေရာ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အတွင်းမှာလည်း တန် ၂၃၀၀ နဲ့ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ အချို့ဒေသတွေက ပဲတီစိမ်းအသစ်အနည်းငယ် ဝင်ရောက်မှုရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ ယခင်နှစ်ပဲဟောင်းပါဝင်မှု ပမာဏများနေသေးကြောင်း သိရပါတယ်။     လက်ရှိ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပကို ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၂၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၁၂ သန်းကျော်ရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၇၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၀၀ သန်းနီးပါးရရှိထားကြောင်း သိရပါတယ်။ ပဲတီစိမ်းတင်ပို့မှုကတော့ လာမယ့် သီတင်းပတ်လည်း နည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT