Main menu

Background

အိန္ဒိယပဲတီစိမ်း အဝယ်နည်းပေမယ့် ဈေးငြိမ်

Mon, 12/26/2011 - 07:18 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ပဲတီစိမ်းအဝယ်နည်းပေမဲ့ ဈေးအပြောင်းအလဲ နည်းပါးပြီး ငြိမ်နေတာ တွေ့ရပါတယ်။ ရာဂျက်စသန်ဈေးကွက်မှ ပဲဝင်ရောက်မှုပါးလာတဲ့အတွက် လှောင်လက်များက ၎င်းတို့ရောင်းချမှုကို လျှော့လာ တယ်လို့ သိရပါတယ်။ နောက်ရက်များမှာ ဒေလီဈေးကွက်ကို ရာဂျက်စသန်မှ ပဲတီစိမ်းထရပ်ကား ၁၂-၁၃ စီးခန့် ဝင်ရောက်နိုင် တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ပြည်တွင်းပဲတီစိမ်းအချို့ကို ဝယ်ယူမှုအားပျော့တာကြောင့် နောက်ရက်အနည်းငယ်အတွင်း ယာယီဈေးအနည်းငယ် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်-     ဒေါ်လာ/ တန်                               ၂၂-၁၂-၁၁    ၂၁-၁၂-၁၁     ၁၉-၁၂-၁၁    ၁၇-၁၂-၁၁မွန်ဘိုင်း (ပဲတီရွှေဝါ)       ၈၄၈            ၈၄၃             ၈၄၄              ၈၅၂ဒေလီ                     ၄၁၉-၆၄၈      ၄၁၇-၆၃၄    ၄၁၇-၆၃၅       ၄၁၉-၆၃၈အာကိုလာ               ၆၆၇-၈၀၀     ၆၆၃-၇၉၅     ၆၆၄-၇၉၅      ၆၆၆-၈၀၀    MIRT(MAPT)